တင်ကိုလတ်

M.B.B.S – University of Medicine 1
Certificate in Advanced Counselling Skills Training – Counselling Corner
Certificate in Trauma informed Practice Training – Else Thiebou
Certificate in Understanding Mental Health Diagnosis and Assessment – Barbara (MDMPH)
Psychology Internship Program – Passionate Heart
Certificate in Psychology for Everyday Use Course – Spring University
Certificate in Art Therapy Beginner Training- Art of Healing
Certificate in Counselling – Myanmar Commercial University
Certificate in Introduction to Psychology and Buddhish Psychotherapy (IPBP)- Thismomentzon
Certificate in Substance Use Disorder, Treatment and Recovery- Counseling with Craton
Certificate in Art Therapy Training for Trainers Course- Madhumita Mishra
Certificate in Fundamentals of Clinical Supervision- Clinical Supervision Services, Supervisor Education and Training
Certificate in Child Healing Play Therapy Training- Jacaranda, Novi Program
Certificate in Mindful Self-compassion (MSC) Course- Ben Weinstien, PhD.
Certificate in Motivational Interviewing Training-Ben Weinstien, PhD.
Diploma of Counselling- Australian Institute of Professional Counsellors (Expected to complete in 2026)

Certificate in Global Mental Health Professional Development- University of Washingto

တင်ကိုလတ်သည် ဆေးတက္ကသိုလ်(၁)မှ ၂၀၁၉ခုနှစ်တွင် ဘွဲ့ရခဲ့ပြီး လက်ထောက်ဆရာဝန်အဖြစ် ရန်ကုန်ဆေးရုံကြီးတွင် တစ်နှစ်ခွဲကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ထိုအချိန်နောက်ပိုင်းမှစ၍ သူသည်စိတ်ကျန်းမာရေးနယ်ပယ်တွင် အသက်မွေးဝမ်းကြောင်းပြုလျှောက်လမ်းနေသူတစ်ဦးဖြစ်ပါသည်။သူသည် Counselling နှင့်ပတ်သတ်သည့် သင်တန်းများဖြစ်သည့် Basic Counselling Training နှင့် Advanced
Counselling Training Courses များကို Counselling Corner မှသင်ယူတတ်မြောက်ထားပြီး Counselling Corner မှစီစဉ်ဆောင်ရွက်သော စိတ်ကျန်းမာရေးနှင့်ပတ်သတ်သည့် Workshopများနှင့် Webinarများတွင် ဦးဆောင်ဆွေးနွေးပေးသူအနေနဲ့ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ စိတ်ပညာနှင့် ပတ်သတ်သည့် သင်တန်းများတွင်လည်း ပါဝင်တက်ရောက်ပြီး Passionate Heart အဖွဲအစည်းတွင်လည်း စိတ်ပညာဆိုင်ရာအလုပ်သင်တစ်ယောက်အဖြစ် ပါဝင်လုပ်ဆောင်ခဲ့ပါသည်။

သူ့ရဲ့အကြီးမားဆုံးစိတ်ပါဝင်စားသည့်အရာမှာစိတ်ကျန်းမာရေးဖြစ်သည့်လျောက်သူ့ရဲ့စိတ်အားထက်သန်မှုကို မြန်မာနိုင်ငံတွင် သိပ်မတွင်ကျယ်သေးသော ထိုနယ်ပယ်တွင် အထင်အရှားတွေ့နိုင်ပါသည်။သူသည်လည်းအခြားသူများကဲ့သို့ပင်စိတ်ဒဏ်ရာများ၊စိတ်ပိုင်းဆိုင်ရာအခက်အခဲများကို ကြုံတွေ့ခဲ့ရပါသည်။ သူသည်ထိုအရာများကို ကျော်လွှားနိုင်ဖို့ကြိုးစားခဲ့ရသလို ယခုထက်ထိလည်း သူ၏စိတ်ကျန်းမာရေးကို ပိုမိုကောင်းမွန်စေရန် စိတ်ခံစားချက်များကို ပိုပြီးသတိထားနားလည်ခြင်းနှင့်ထိန်းညှိပေးခြင်းတို့ဖြစ် လုပ်ဆောင်နေဆဲဖြစ်ပါသည်။ ထိုကြောင့်သူသည် ကိုယ်ပိုင် အတွေ့အကြုံများကို အသုံးချကာ အခြားသူများကို စိတ်ပိုင်းဆိုင်ရာနှင့်စိတ်ခံစားချက်ပိုင်းဆိုင်ရာဘက်များမှ အဓိကထားကူညီဖို့ ဆန္ဒပြင်းပြသူတစ်ဦးဖြစ်ပါသည် ။

သူ၏အဓိကနှစ်သိမ့်ဆွေးနွေးခြင်းနည်းလမ်းမှာ Person Centred Non- Directive နည်းလမ်းဖြစ်ပြီး လူတစ်ဦးချင်းဆီ၏ အပြောင်းအလဲများမှာ မိမိကိုယ်တိုင်မှပေါ်ပေါက်လာနိုင်သည်ဟု ယူဆထားပါသည်။ ဒါ့အပြင် နှစ်သိမ့်ဆွေးနွေးခြင်းအချိန်များတွင် Clientများကို ဦးနှောက်နှင့် လူတို့ရဲ့စိတ်အခြေအနေများမှာ ဘယ်လိုလုပ်ဆောင်နေကြောင်း မိမိတတ်ကျွမ်းထားသည့် အသိပညာ၊ဗဟုသုတများကို ဝေမျှခြင်းဖြင့်လည်းလုပ်ဆောင်လေ့ရှိပါသည်။သူ့ရဲ့အကြီးမားဆုံးအိပ်မက်မှာ နိုင်ငံရဲ့စိတ်ကျန်းမာရေး အခြေအနေများကိုမြှင့်တင်ပေးနိုင်ဖို့ဖြစ်ပြီး ပြည်သူလူထုအတွင်းမှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲများဖြစ်နိုင်ဖို့ တစိတ်တဒေသအနေနဲ့ ပါဝင်လိုသူတစ်ဦးဖြစ်ပါသည်။

စိတ်ကျန်းမာရေးကူညီစောင့်ရှောက်သူများမှာလည်းလူတစ်ယောက်ပင်ဖြစ်တာကြောင့် ကိုယ်တိုင်ကြံ့ခိုင်၍ကျန်းမာသန်စွမ်းဖို့လိုအပ်ပါသည်။ဒါ့ကြောင့်သူသည် အားလပ်ချိန်များတွင် စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာနှင့် အခြားနယ်ပယ်များတွင် ပိုမိုသန်မာလာအောင် မိမိကိုယ်ကိုဂရုစိုက်သည့်(self-care)လုပ်ငန်းဆောင်တာများကို လုပ်ဆောင်လေ့ရှိပါသည်။ဒါ့အပြင် သူ၏လုပ်ဖော်ကိုင်ဖက်မိတ်ဆွေများနှင့် စိတ်ပိုင်းဆိုင်ရာ၊စိတ်ကျန်းမာရေးဆိုင်ရာ ခေါင်းစဉ်အကြောင်းအရာများကို ဆွေးနွေးခြင်းနှင့်သင်ယူလေ့လာခြင်းတို့ကို ဝါသနာပါသူတစ်ဦးလည်းဖြစ်ပါသည်။အခြားချိန်များတွင် အနုပညာနှင့် ပတ်သတ်သော အရာများကို ကြိုက်နှစ်သက်ပြီး ဂစ်တာတီးခြင်း၊ရုပ်ရှင်ကြည့်ခြင်းတို့ကို လုပ်ဆောင်လေ့ရှိပါသည်။