ဆုလဲ့နန္ဒာ

BSc. Business Management (University of London)
Diploma in Management Studies (Singapore Institute of Management)
Basic and Advanced Counselling Skills Trainings (Counselling Corner)
Trauma Care and Support Training (Serenity Counselling Services)
Psychological First Aid Training (Serenity Counselling Services)
Early Childhood Care and Development (Chin ECCD Network)
Former Volunteer Counsellor (Nway Oo Healing Space)

ငယ်စဉ်ကတည်းက စာသင်ရတာကိုနှစ်သက်ပြီး ကလေးလေးတွေကိုချစ်တတ်တဲ့ မဆုလဲ့ဟာ အထက်တန်းကျောင်းသူ အရွယ်ကတည်းက Early Childhood Education/Development နှင့်ပတ်သက်တဲ့ပညာရပ်ကို ဆည်းပူးသင်ယူချင်တဲ့ ဆန္ဒရှိခဲ့ပါတယ်။ ဒါ့အပြင်သူမဟာ အရွယ်ရောက်သူတွေရဲ့ အပြုအမူပိုင်းဆိုင်ရာနဲ့ ၄င်းတို့ရဲ့ငယ်ဘ၀ ချိတ်ဆက်မှုအကြောင်းကိုလည်း စိတ်၀င်စားပြီး လေ့လာချင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ 2015-2018 ခုနှစ်မှာတော့ University of London (UOL) မှ BSc. Business and Management ကို Singapore နိုင်ငံရှိ Singapore Institute of Management (SIM) မှာ တက်ရောက်ပညာသင်ယူခဲ့ပြီး Degree ဘွဲ့ကိုရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပြန်ရောက်လာပြီးနောက် Retail Industry တစ်ခုမှာ (၂) နှစ်အလုပ်လုပ်ခဲ့ပြီး ဝါသနာပါရာ၊ စိတ်ဝင်စားရာ Psychology and Counselling ပညာရပ်နယ်ပယ်ထဲကိုပါ ထဲထဲဝင်ဝင် တိုးချဲ့လေ့လာရန် တစိုက်မတ်မတ်ပြောင်းလဲ အချိန်ပေးသင်ယူလေ့လာလျက်ရှိပါတယ်။

Counselling Corner တွင် Basic နှင့် Advanced Counselling Skills Training များကိုတက်ရောက်ခဲ့ပြီး Group Counselling တွင်လည်း experiential learning တစ်ခုအဖြစ် ပါ၀င်ခဲ့တဲ့အပြင် Serenity Counseling and Psychological Services တွင်လည်း Psychological First Aid Training နှင့် Trauma Care and Support Training တို့ကိုသင်ယူခဲ့ပါတယ်။ Covid-19 ကူးစက်ပြန့်ပွားမှုအခြေအနေနှင့် နိုင်ငံရေးမငြိမ်သက်မှုတို့ကြောင့် မြန်မာနိုင်ငံတွင် စိတ်ပိုင်းဆိုင်ရာ အကူအညီလိုအပ်နေသူများနှင့် အကူအညီပေးနိုင်သူအင်အား မမျှတမှုပိုမိုဖြစ်လာသည့်အတွက် 2021 ခုနှစ်တွင် Nway Oo Healing Space ၌ volunteer counsellor အနေဖြင့် ၀င်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ Chin ECCD Network ထံမှလည်း Early Childhood Care and Development Training အတွက် certificate ရရှိထားပါတယ်။

Counselling skills အနေနဲ့ active and empathetic listening, reflection, non-judgemental approach, unconditional positive regard တို့ကိုအခြေခံပြီး person-centered therapy approach ကို အဓိကအသုံးပြုလျက်ရှိပါတယ်။ Anxiety, relationship issues, parenting problems, career challenges, fear, trust issues and PTSD စတဲ့ client case များနှင့် အတွေ့အကြုံရှိခဲ့ပြီး client များအတွက် စိုးရိမ်ပူပန်မှုများ လျော့ကျသက်သာစေကာ acceptance, boundaries, self-love တိုးမြင့်လာစေရန်၊ value – တန်ဖိုးထား သတ်မှတ်ချက်များ ပိုမိုခိုင်မာလာစေရန်နှင့် relationship ပြဿနာများအတွက် ရှုထောင့်အမြင်၊ လက်ခံမှုပုံစံပြောင်းလဲလာပြီး နေ့စဉ်လုပ်ငန်းဆောင်တာဘ၀မှာ အဆင်ပြေသွားစေနိုင်ဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ သူမဟာ Counselling Corner မှာပဲ emotional well-being support workshops/webinars ပေါင်းများစွာကို online ရော in-person ပါ လုပ်ဆောင်ပေးလျက်ရှိပြီး Counselling Skills Training များတွင်လည်း ပြန်လည်၀င်ရောက် ကူညီသင်ကြားပေးနေပါတယ်။

လူသားအားလုံးရဲ့ အနာဂတ်အတွက် ငယ်စဉ်ကလေးဘ၀က အလွန်ပင်အရေးကြီးကြောင်း လက်ခံယုံကြည်ထားတဲ့သူမဟာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေပေါ်မူတည်ပြီး လမ်းစရှာရင်း ယခုအခါမှာ သားသမီးနဲ့မိဘကြားရှိ ဆက်ဆံရေး၊ ပျိုးထောင်ခြင်းနည်းလမ်းဆိုင်ရာ၊ ပတ်၀န်းကျင်၏သက်ရောက်မှု၊ Positive Parenting, Child Psychology, Child Development နှင့် စိတ်ဒဏ်ရာ (Trauma) စတဲ့အကြောင်းအရာများနှင့် ဆက်စပ်ပြီး စဉ်ဆက်မပြတ် လေ့လာလျက်ရှိပါတယ်။ စိတ်နဲ့ခန္ဓာ ဒဏ်ရာအနာအဆာနည်းပါးတဲ့ ကလေးငယ်တွေကနေတဆင့် ပြည့်၀တဲ့လူကြီးလူကောင်းများအဖြစ် ကိုယ်တိုင်အမှန်တကယ်ပျော်ရွှင်ပြီး မိမိကိုယ်တိုင်သာမက ပတ်၀န်းကျင်နဲ့ကမ္ဘာကြီးကိုပါ လှပသာယာအောင် ပြန်လည်မျှဝေဖန်တီးသွားစေနိုင်ဖို့နှင့် ကလေးငယ်တွေနဲ့ အနာဂတ်အတွက် နည်းမှန်လမ်းမှန်နဲ့ ပြုစုပျိုးထောင်တဲ့ မိဘများဖြစ်လာစေနိုင်ဖို့ ကူညီလုပ်ဆောင်ပေးချင်တာက သူမရဲ့အကြီးမားဆုံးသော အိပ်မက်ထဲကတစ်ခုဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ အကျဉ်းချုပ်ဆိုရလျှင် လူတစ်ယောက်ဟာ ပြောင်းလဲမှုတစ်ခုကိုစတင်ဖို့အတွက် ပထမဆုံးခြေလှမ်းကိုစတင်ရာမှာ သတ္တိအလွန်မွေးရတတ်ပါတယ်။ အဲ့ဒီအတွက်သိထားရမှာက ဒီပြောင်းလဲမှုခရီးစဉ်ကို လျှောက်တဲ့အခါမှာ သင်တစ်ယောက်တည်း အထီးကျန်စွာရှိနေမှာမဟုတ်ပဲ မဆုလဲ့နဲ့ Counselling Corner team တစ်ခုလုံးက နွေးထွေးကရုဏာမှုအပြည့်နဲ့ရှိနေပြီး သင်လိုရာပန်းတိုင်၊ ပို၍ကောင်းတဲ့အခြေအနေတစ်ခုကို အတူတကွလက်တွဲ လျှောက်လှမ်းသွားမယ်ဆိုတာပါပဲ။ မိမိကိုယ်ကိုယ်ပြောင်းလဲချင်လျှင်၊ ကမ္ဘာကြီးကိုကောင်းတဲ့အရွေ့တစ်ခုဆီ ပြောင်းလဲချင်လျှင် မိမိကိုယ်တိုင်ကအရင် အတွင်းကစပြောင်းလဲဖို့လိုပါတယ်။ သင်ဒီနေရာကို ရောက်နေတဲ့အတွက် ဂုဏ်ယူပါတယ်။ လိုအပ်တဲ့အကူအညီရှိလျှင်လည်း အနွေးထွေးဆုံးသော နှလုံးသားများဖြင့် ကူညီပေးရန် ကြိုဆိုနေပါတယ်။