စိတ်ပိုင်းဆိုင်ရာကုထုံးနှင့် တစ်ဦးချင်းစိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးမှုပေးခြင်း

လူအများသည် မိမိတို့ဘဝတွင် အဆင်မပြေမှုများ၊ အပြောင်းအလဲများတွေ့ကြုံချိန်တွင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ ပြဿနာများကြုံတွေ့ရသည်မှာ သဘာဝပင်ဖြစ် ပါသည်။ စိတ်ပိုင်းဆိုင်ရာပြဿနာများကို ရင်ဆိုင်နေရသူတစ်ဦးသည် စိတ်ဖိစီးမှုများခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ဆတ်ခြင်း၊ ညအိပ်မပျော်ခြင်း၊ အာရုံစူးစိုက်၍ မရခြင်း၊ အကြောင်းအရာတစ်ခုအပေါ်စိတ်စွဲလမ်းခြင်း စသည်တို့ကို ကြုံတွေ့ခံစားရလေ့ရှိပါသည်။
တခါတရံတွင် စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်မှုများခံစားရခြင်းအတွက် တိကျသော အကြောင်းအချက်ရှိတတ်ပါသည်။ ဥပမာ- မိမိချစ်ခင်ရသူတစ်ဦးကို ဆုံးရှုံးရခြင်း။ တခါတရံတွင်မူ စိတ်ဒဏ်ရာရစေသည့် အကြမ်းဖက်မှုများကို မိမိရှေ့တွေ့ မျက်မြင်တွေ့ရခြင်း (သို့မဟုတ်) ကိုယ်တိုင်ခံစားရခြင်း (သို့မဟုတ်) အတိတ်က အကြောင်းအရာများကို ထပ်မံ တွေ့ကြုံရခြင်း စသည့်အချက်များကလည်း စိတ်ပိုင်းဆိုင်ရာပြဿနာများကို ဖြစ်ပေါ်ခံစားရစေပါသည်။ ထို့အပြင် စိတ်ကျန်းမာရေးသည် မိမိတို့ ကြည့်ရှုစားသုံးသည့် မီဒီယာများ၏ လွှမ်းမိုးမှုနှင့်လည်းများစွာသက်ဆိုင်နေပါသေးသည်။ စိတ်ပိုင်းဆိုင်ရာပြဿနာများကို ကုသခြင်းသည် မိမိတို့ ကိုယ်ခန္ဓာတွင် ဖြစ်ပွားသည့် ရောဂါများကို ကုသည်နှင့် မခြားနားလှပါ။ အဓိကအချက်မှာ မိမိ၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အလေးပေးဂရုစိုက်ရန်သာဖြစ်ပါသည်။

Counselling Corner မှ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များသည် ကုထုံးနည်းလမ်းပေါင်းများစွာကို တတ်မြောက်လေ့ကျင့်ထားသူများဖြစ်ကာ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှု ခံယူသ်များအနေဖြင့် မိမိတို့၏စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊ ပုဂ္ဂလိကပြဿသနာများကို ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းနိုင်ကာ ဘဝတွင် ကောင်းသော ပြောင်းလဲတိုးတက်မှုများ ရရှိစေရန် လမ်းပြဆောင်ကြဉ်းပေးမည်ဖြစ်ပါသည်။ ဝန်ဆောင်ပေးသည့် ကုထုံးနည်းလမ်းများတွင် နှစ်သိမ့်ဆွေးနွေးမှု ခံယူသူများကို ဗဟိုပြုသည့်ကုထုံး (client-centred therapy)၊ သိမှုနှင့် အမူအကျင့် ပြောင်းလဲခြင်းဆိုင်ရာကုထုံး (cognitive behaviour therapy)၊ psycho-dynamic therapy စသည့် ကုထုံးများအပါအဝင် အခြားကုထုံးများစွာပါဝင်ပါသည်။

Yစိတ်ပိုင်းဆိုင်ရာကုထုံးများနှင့် နှစ်သိမ့်ဆွေးနွေးမှုများခံယူလိုပါက စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးနဲ့ ပထမဦးစွာ ရက်ချိန်းကြိုတင်ယူရပါမည်။ ပထမဆုံး တွေ့ဆုံသည့် အချိန်တွင် သင့်မှာရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ပတ်သက်လို့ ရှေ့ရသတ္တပတ်တွေမှာ ဘယ်လိုနှစ်သိမ့်ဆွေးနွေးမယ်ဆိုတာနဲ့ ပတ်သက်ပြီး အစီအစဉ်ဆွဲရပါမည်။ အကောင်းဆုံးရလဒ်များ ရရှိစေရန်အတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့် ဆွေးနွေးမှုခံယူသူတစ်ဦးအနေဖြင့် မိနစ် ၅၀ကြာတဲ့ ကုထုံးဆက်ရှင် ၁၀ ခု ရယူရန် အကြံပေးထားပါသည်။ ဤကုထုံး ဆက်ရှင် ၁၀ခုသည် မယူမနေရမဟုတဘဲ မိမိ၏ အနေအထားအရ ကုထုံးဆက်ရှင်များကို ရပ်တန့်ခြင်း၊ ခေတ္တရပ်ဆိုင်းခြင်း၊ နှစ်သိမ့်ဆွေးနွေးသူပြောင်းလဲပေးရန် တောင်းဆိုခြင်း စသည်တို့ကိုလည်း လုပ်ဆောင်နိုင်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် တစ်ဦးချင်းစိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးမှုများအပြင် စုံတွဲ (သို့မဟုတ်) မိသားစုလိုက် (သို့မဟုတ်) အဖွဲ့လိုက် စသည့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့် ဆွေးနွေးမှုဝန်ဆောင်မှုများလည်း ပေးလျက်ရှိပါသည်။