ခင်မို့မို့ကျော်

B.A (Psychology)
Diploma in nursing Certified Enrolled Nurse (Singapore Nursing Board)
Diploma in Business Management & Administration (UK)
Basic and Advanced Counselling Skills Training (Counselling Corner)

မခင်မို့မို့ကျော်သည် ရန်ကုန်တက္ကသိုလ်မှ Bachelor of Psychology နှင့် Diploma in Nursing တို့ကိုရရှိခဲ့ပြီး John Hopkins University မှ mental health counselling ကိုလည်းပြီးမြောက်ခဲ့ပါသည်။ ထို့အပြင် Counselling Corner မှ ဖွင့်လှစ်သင်ကြားသည့် Advance Counselling Training (Batch -1) ကိုလည်း တက်ရောက်ပြီးမြောက်ခဲ့ပါသည်။

မခင်မို့မို့ကျော်သည် စင်ကာပူနိုင်ငံရှိ Nursing and Dementia home တွင် (၁၀) နှစ်နီးပါး လုပ်သက်အတွေ့အကြုံရယူခဲ့ပြီး Depression၊ Anxiety၊ Schizophrenia၊ Obsessive Compulsive Disorder၊ Mental Retardation နှင့် Dementia ကဲ့သို့ mental health issues များနှင့် ပတ်သက်၍ ထဲထဲဝင်ဝင် နားလည်လေ့လာခွင့်ရခဲ့ပါသည်။ ထို့အပြင် Singapore Institute of Mental Health တွင်လည်း စိတ်ပိုင်းဆိုင်ရာပြဿနာများနှင့် စပ်လျဉ်းသည့် ဆေးပေးခြင်း နှင့် ကုထုံးခံယူခြင်းတို့ကို လေ့လာသင်ယူခွင့် ရခဲ့ပါသည်။

Psychology နှင့် counselling ပညာရပ်တို့အပေါ် စိတ်ပါဝင်စားသည့် မခင်မို့မို့ကျော်သည် ရန်ကုန် စိတ်ကျန်းမာရေးဆေးရုံကြီးတွင်လည်း သင်တန်းတက်ရောက်ခဲ့ပြီး Mental Health Counsellor တစ်ဦးအဖြစ် INGO တစ်ခုတွင်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။

မခင်မို့မို့ကျော်သည် မြန်မာနိုင်ငံရှိ လူမှုဖွံ့ဖြိုးရေးကဏ္ဏများတွင် (၅) နှစ်တိုင်တိုင် လုပ်ကိုင်နေစဉ် ကာလအတွင်း တွင် PLHIV အတွက် CETA (common elements treatment) နည်းလမ်းကို အသုံးပြုပြီး Anxiety၊ Depression၊ Trauma နှင့် Substance Abuse တို့ကို ခံစားနေရသူများအတွက် counselling service ပေးအပ် ခဲ့ပါသည်။ ထို့အပြင် Honest Hour ၌ lead counsellor တစ်ဉ်ီးအနေဖြင့်လည်းကောင်း၊ Call Me Today (Phone Counselling Service) တွင်လည်း volunteer တစ်ဦးအဖြစ်လည်းကောင်း အတွေ့အကြုံများစွာရှိခဲ့ပါသည်။ MDRTB patients များအတွက်လည်း Counselling Supervisor တစ်ဦးအဖြစ် Psychosocial Support ပေးခဲ့ခြင်းကြောင့် anxiety၊ depression၊ trauma၊substance abuse counselling နှင့် relationship counselling တို့နှင့် ပတ်သက်၍ အတွေ့အကြုံပြည့်ဝသည့် counsellor တစ်ယောက်ဖြစ်ပါသည်။

Counselling ပြုလုပ်ခြင်း နည်းလမ်းများထဲမှ non-directive approach သည် မြန်မာနိုင်ငံရှိ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ကူညီဖြေရှင်းပေးရန် အထောက်အကူဖြစ်ကြောင်းကို သတိမူခဲ့ရာမှစတင်၍ Counselling ပညာ ရပ်ပေါ်တွင် တစ်စိုက်မတ်မတ်လေ့လာခဲ့သူတစ်ဦးဖြစ်ပါသည်။