အစီအစဉ်များတွင်ပါဝင်ခြင်း

Counselling Corner ၏ အစီအစဉ်များ၊ လှုပ်ရှားမှုများတွင်ပါဝင်ရန် သင့်အားလှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။

ပန်းချီဆွဲခြင်း (သို့မဟုတ်) ရွှံ့စေးအလုပ်ရုံဆွေးနွေးပွဲများတွင် ပါဝင်ခြင်း

ပန်းချီဆွဲခြင်း (သို့မဟုတ်) ရွှံ့စေးကို အသုံးပြုသည့် စိတ်ပိုင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကိုလည်း ပုံမှန်စီစဉ်ကျင်းပပေးလျက်ရှိပါသည်။ ကောင်စလာက မည်သို့ စတင်လုပ်ဆောင်ရမည်ကို လမ်းညွှန်ပေးမည်ဖြစ်ပြီး သင်က ပန်းချီ (သို့မဟုတ်) ရွှံစေးကို အသုံးပြုကာ သင်၏ အတွေးများ၊ ခံစားချက်များကို ပုံဖော်ရမည် ဖြစ်ပါသည်။ ထို့နောက် ပါဝင်တက်ရောက်သူများအကြားတွင် မိမိ၏ အနုပညာကို ပြသကာ မိမိ၏ အတွေးများ၊ ခံစားချက်များကို ဖော်ထုတ်ပြောဆိုခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ခံစားမှုများကို လျော့ပါးသက်သာစေမည် ဖြစ်ပါသည်။

အခမဲ့အစီအစဉ်ဖြစ်သည့် emotional workshop တွင်ပါဝင်ပါ။

အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် စနေနေ့ (ည ၆နာရီမှ၈နာရီ) တိုင်းတွင် emotional workshop (စိတ်ကျန်းမာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ)ကို အခမဲ့စီစဉ်ကျင်းပပေးလျက်ရှိ ပါသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲကို မည်သူမဆိုပါဝင်နိုင်ပြီး အပြန်အလှန်နားထောင်ခြင်း၊ ပြန်လှန်ဆန်းစစ်ထင်ဟပ်ခြင်း၊ ကိုယ်ချင်းစာနာစိတ်ထားခြင်းနှင့် စိတ်ခံစားမှု များကို အပြန်အလှန်ဝေမျှခြင်း စသည့် အစီအစဉ်များ ပါဝင်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲအတွက် အခကြေးငွေတစုံတရာပေးရန်မလိုပါ။ ဆွေးနွေးပွဲကျင်းပမည့် ရက်များကို Counselling Corner ၏ ဖေ့ဘုတ်တွင် ပုံမှန်ကြေညာပေးလျက်ရှိပြီး စာရင်းကြိုသွင်းကာ ပါဝင်နိုင်ပါသည်သည်။ Counselling Corner | Facebook

ကျေးဇူးတရား နေ့စဉ်မှတ်တမ်းကို ရေးသားပါ။

သင့် အတွေးများ၊ အစီအစဉ်များ၊ ခံစားချက်များ၊ ကောင်းမွန်သော အတွေ့အကြုံများစသည်တို့ကိုကို နေ့စဉ်မှတ်တမ်းအဖြစ်ရေးသားခြင်းက သင့်အတွက် စိတ်ကြံ့ကြံ့ခံ နိုင်စွမ်းကို မြှင့်တင်ပေးပါသည်။ Counselling Corner ၏ ကျေးဇူးတရားနေ့စဉ်မှတ်တမ်းရေးသားနည်းကို အောက်ပါ ဗီဒီယိုတွင် ဖော်ပြထားပါသည်။  (link to Nora’s explanation) ကျေးဇူးတရား နေ့စဉ်မှတ်တမ်းက သင့်အတွက် သင်ကိုယ်တိုင်ပေးနိုင်သည့် အကောင်းဆုံးလက်ဆောင်မွန်တစ်ခုဟု ကျွန်ုပ်တို့က ယုံကြည်ပါသည်။

ကောင်စလာများမှ ပြောကြားထားသည့် စိတ်ပညာဆိုင်ရာ ဆွေးနွေးမှုများကို ကြည့်ရှုပါ။

ကျွန်ုပ်တို့၏ ဖေ့ဘုတ်တွင် တိုက်ရိုက်တင်ဆက်ခဲ့သည့် ဆွေးနွေး‌ဟောပြောမှုများကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ Counselling Corner – YouTube

Counselling Corner မှ ထုတ်လုပ်သော ပစ္စည်းများဝယ်ယူရန်

ရောင်စုံအလှဆင်ကဒ်များအဖြစ်ရိုက်နှိပ်ထားသော စိတ်ကျန်းမာရေးအတွက် အလေ့အကျင့်ကောင်း ၁၀ခု ကို သင့်ရုံးခန်းတွင် အလှဆင်ရန် အတွက် ဝယ်ယူရရှိနိုင်ပါသည်။ ထို့အပြင် Counselling Corner မှထုတ်လုပ်သော မတ်ခွက်များ၊ စာအုပ်များ၊ တီရှပ်များနှင့် အမွှေးဖယောင်းတိုင်များကိုလည်း ဝယ်ယူနိုင်ပါသည်။ Counselling Corner မှ ထုတ်လုပ်သော စိတ်ကျန်းမာရေးနှင့် စပ်ဆက်သည့် ပစ္စည်းများအားလုံးကို ဘိုကလေးဈေးလမ်းရှိ ရုံးခန်းတွင်လည်းကောင်း၊ အွန်လိုင်းမှတဆင့်သော်လည်းကောင်း ဝယ်ယူနိုင်ပါသည်။ (Shop Corner | Website)

ပညာသင်ဆု ထောက်ပံ့ခြင်း

ကောင်စလာများအတွက် ပညာသင်ဆုအစီအစဉ်တွင် တတတ်တအား အားဖြည့်ပါဝင်ကူညီနိုင်ပါသည်။ ဤသို့ကူညီခြင်းဖြင့် သင်တန်းတွင် တက်ရောက်သင့်လျက် ငွေကြေးမတတ်နိုင်သူများအတွက် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ပါသည်။ Counselling Corner မှ သင့်လျော်သည့် သင်တန်းသား/သူများကို မှန်ကန်စွာ ရွေးချယ် ပေးနိုင်ပြီး သင်တန်းသား/သူများအနေဖြင့် အလှူရှင်အား တိုက်ရိုက်မှတ်ချက်ပေးမည်ဖြစ်ပါသည်။