အခြေခံအဆင့် စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးခြင်းသင်တန်း

သင်ကြားချိန် နာရီ ၂၀ (တရက်လျှင် ၂နာရီ) ရှိသော အခြေခံအဆင့်အွန်လိုင်းသင်တန်းတွင် စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးခြင်းဆိုင်ရာ အခြေခံများဖြစ်သည့် ကောင်စလာတစ်ဦး၏ အခန်းကဏ္ဍ၊ ကောင်စလာတစ်ဦးအတွက် မရှိမဖြစ်လိုအပ်သည့် အရည်အသွေး၊ ကျွမ်းကျင်မှုများ၊ စံနှုန်းတန်ဖိုးများ၊ နှစ်သိမ့်ဆွေးနွေးမှု စတင်ခြင်းနှင့် အဆုံးသတ်ခြင်း၊ နှစ်သိမ့်ဆွေးနွေးမှုဆိုင်ရာ အခြေခံစည်းမျဉ်းများ စသည့်ခေါင်းစဉ်များပါဝင်ပါသည်။

သီအိုရီအပြင် break-out room များခွဲ၍ လက်တွေ့လေ့ကျင့်ရသည်ဖြစ်ရာ သင်တန်းတက်ရောက်သူများအနေဖြင့် ချက်ချင်းပြန်လည်အသုံးချနိုင်သည့် အသစ်သစ် သောကျွမ်းကျင်မှုများကို လေ့လာနိုင်ပါသည်။ ဤသင်တန်းတွင် လူမျိုး၊ ဘာသာ၊ကျား၊မ၊ အသက်အရွယ်မရွေး မည်သည့် နောက်ခံကလာသည်ဖြစ်စေ မည်သူမဆိုတက်ရောက် သင်ယူနိုင်ပါသည်။ အထူးသဖြင့် စေတနာ့ဝန်ထမ်းနှစ်သိမ့်ဆွေးနွေးအကြံ‌ပေးသူများ၊ စိတ်ပညာကိုလေ့လာနေသည့် ကျောင်းသား/သူများ၊ ဆရာ၊ဆရာမများ၊ သင်ကြားရေးဆိုင်ရာ နယ်ပယ်တွင် အလုပ်လုပ်ကိုင်နေသူများ၊ သူနာပြုများ၊ လူမှုဝန်ထမ်းများစသူတို့ တက်ရောက်သင့်သော သင်တန်းလည်း ဖြစ်ပါသည်။ သင်တန်းတိုင်းတွင် လူသားအရင်းမြစ်ဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်သူများ၊ စိတ်ပညာကို လေ့လာနေသည့် ကျောင်းသား/သူများ၊ ဘာသာရေးဆိုင်ရာအကြီးအကဲများ၊ ဆရာဝန်များ စသည်ဖြင့် တက်ရောက်လျက်ရှိပါသည်။

Dates for the next Basic Counselling Skills training:

Batch 53 – 22 Mar 2025 to 4 May 2025 – only 20 seats available.

Batch 54 – please await further updates – only 20 seats available.