Psychotherapist & Founder Therapist at Counselling Corner
ဦးအောင်မင်းသိန်း
ဦးအောင်မင်းသိန်းသည် Australian Counselling Association မှ လိုင်စင်ရ စိတ်ကုထုံးပညာရှင် တစ်ယောက် ဖြစ်ကာ စိတ်ကုထုံးနှင့်ဆွေးနွေးခြင်း ဘွဲ့လွန်ပညာရပ်ကို သြစတြေးလျနိုင်ငံ Western Sydney တက္ကသိုလ်တွင် တက်ရောက်အောင်မြင်ခဲ့သူပါ။ မြန်မာနိုင်ငံနှင့်သြစတြေးလျနိုင်ငံရှိ အစိုးရအဖွဲ့အစည်းမဟုတ်သော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ရွာအခြေစိုက်စိတ်ကျန်းမာ ရေးဆိုင်ရာ ဆေးကုခန်းများတွင်လည်း လုပ်ဆောင်ခဲ့ပါတယ်။
Read More

B. Med. Tech (Medical Imaging Technology)
မဆု
မဆုဟာ Yangon University of Medical Technology မှ B. Med. Tech (Medical Imaging Technology) ဘွဲ့ ရရှိထားသော Counsellor တစ်ဦးဖြစ်ပါတယ်။ Counseling Corner မှပေးသော Basic and Advanced Counselling Courses များကို Theory ပိုင်းမှာရော Practical ပိုင်းမှာပါ ပိုင်နိုင်စွာ အောင်မြင်ပြီး မြောက်ထားသူပါ။ သူမဟာ Honest Hour Emotional Support Program ၏ Founding Member တစ်ဦးဖြစ်ကာ Counsellor အနေနဲ့ လုပ်ကိုင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။
Read MoreB.A (History)
Th.D (Doctrate theology in Christian Counselling)
မချယ်ရီပွီး
Ma Cherish ဟာအတွေ့အကြုံရှိ Counsellor တစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင်ဆိုးလ်ခရစ်ယာန်တက္ကသိုလ်မှာ Counselling နှင့်ပါတ်သတ်တဲ့ ပါရဂူဘွဲ့ရခဲ့ပါတယ်။ သူမဟာ Yonsei University International Counselling & Coaching စင်တာမှာလည်း အလုပ်သင် အနေနဲ့ တစ်နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
Read More

M.B.B.S (Bachelor in Medicine, Bachelor in Surgery)
ဒေါက်တာစိုင်းပြေမျိုးကျော်
ဒေါက်တာစိုင်းပြေမျိုးကျော်ဟာ ရန်ကုန်ဆေးတက္ကသိုလ်(၁)မှပေးအပ်သော ဆရာဝန်ဘွဲ့နှင့်ဘန်ကောက်မြို့ရှိ မဟီဒေါတက္ကသိုလ်မှ ပေးအပ်သော ပြညိသူ့ကျန်းမာရေး မဟာဘွဲ့များကို ရရှိထားသော ဆရာဝန်တစ်ဦးဖြစ်ပါတယ်။ Counseling Corner မှပေးသော Basic and Advanced Counselling Courses များကို theory ပိုင်းမှာရော practical ပိုင်းမှာပါ ပိုင်နိုင်စွာ အောင်မြင်ပြီး မြောက်ထားသူပါ။
Read MoreJunior Counsellor
မယုမာသင်း
မယုမာသင်း သည် Yangon University of Foreign Languages မှ B.A (German) ဘွဲ့ရရှိထားသူဖြစ်ပြီး Tourism Industry တွင် ၁၆နှစ်နီးပါးလုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ကမ္ဘာ့ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းတွေရပ်တန့်သွားချိန် ဝါသနာပါရာ စိတ်ပညာကို စတင်လေ့လာခဲ့ပါပြီး Counselling Corner မှပေးသော Basic and Advanced Counselling Courses များအပြင် အခြားသော Trauma Care and Support၊ Basic Child Psychology သင်တန်းများကိုလည်း တက်ရောက်အောင်မြင်ထားသူပါ။
Read More

Junior Counsellor
ဂျူလီယာမိုးငယ်စံ
သူမ၏ခံစားချက်များနှင့် အတွေးများကို နားလည်သဘောပေါက်ချင်သော မမိုးငယ်က Counselling ပညာရပ်ကို စတင်စိတ်၀င်တစားလေ့လာခဲ့ပါတယ်။ ငယ်စဥ်ကလေးဘ၀ကစပြီး ဘ၀လမ်းခရီးတလျောက် ခံစားခဲ့ရသော စိတ်ဒဏ်ရာများမှ ရုန်းထလာနိုင်ခဲ့ခြင်းကြောင့် စိတ်ပညာနဲ့ Counselling ပညာကို ပိုမိုယုံကြည်လာသူပါ။
Read More
Junior Counsellor
Marlo
Marlo သည် စင်္ကာပူနိုင်ငံ၊ Republic Polytechnic ကျောင်းဆင်းတယောက်ဖြစ်ပြီး၊ အင်္ဂလန်နိုင်ငံအခြေစိုက် Heriot-Watt University မှ “ စီးပွားရေး မဟာဘွဲ့” ရရှိထားသူဖြစ်ပါတယ်။ Counselling Corner တွင် Counselling training ကို advanced level အထိပြီးမြောက်ထားပြီး Group Counselling၊ Emotional Support Training နှင့်တကွ များစွာသော trainings များကို တက်ရောက်အောင်မြင်ထားပြီးသူဖြစ်ပါတယ်။
Read More

Junior Counsellor
Nora
Ms. Nora, မငွေနှင်းသက် ကတော့ ရန်ကုန်တက္ကသိုလ်စိတ်ပညာဌာနကနေ B.A(Hons) Psychology ဘွဲ့ကိုရရှိထားသူဖြစ်ပြီး counselling နဲ့ပတ်သက်တဲ့ Basic Counselling Skills နှင့် Advanced Counselling Skills သင်တန်းများကိုCounselling Corner Myanmar မှာ ရလဒ်ကောင်းများနှင့် တက်ရောက်အောင်မြင်ထားသူတစ်ဦးဖြစ်ပါသည်။
Read More
Junior Counsellor
May Phyo Thu
မမေဖြိုးသူသည် ရန်ကုန်တွင်နေထိုင်စဉ် ဆယ်ကျော်သက်အရွယ်ကတည်းက စိတ်ပညာကို စိတ်ဝင်စားခဲ့ပါတယ်။ စင်္ကာပူတွင် Clinical Instructor အဖြစ် အလုပ်လုပ်နေစဉ်တွင် သူမ၏ စိတ်ပညာ အထူးသဖြင့် အကြံပေးခြင်းအပေါ် စိတ်ပါဝင်စားမှုက ပိုမိုအားကောင်းလာပြီး လူမှုအသိုင်းအဝိုင်းများတွင်လဲ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများ ပိုမိုလိုအပ်လာသည်ကိုပါ သူမသတိပြုမိခဲ့သည်။
Read More