
စိတ်ပိုင်းဆိုင်ရာအသိပညာပြန့်ပွားရေးနှင့် လူထုအကျိုးပြု အစီအစဉ်

စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးမှုသည် မြန်မာနိုင်ငံနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသည့် အလေ့အထဖြစ်သည့်အလျောက် လူအများသည် မိမိတို့၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာ များ၊ ခံစားချက်များကို ဖွင့်ဟထုတ်ဖော်ဆွေးနွေးရန် အခက်အခဲများစွာကြုံတွေ့ရပါသည်။ ယင်းအခက်အခဲများကို Counselling Corner အနေဖြင့် ဖြေရှင်းပေးရန် ဆန္ဒရှိပါသည်။ ၂၀၂၂ ခုနှစ် ဇွန်လ တွင် နာမည်ကျော်ထရိနန်နာ အန်ဒီ နှင့် ပူးပေါင်းကာ “Mind and Body Reset Challenge (စိတ်နှင်ခန္ဓာ လေ့ကျင့်ခန်းစိန်ခေါ်မှု)” ဆိုသည့် အစီအစဉ်ကို ဆိုရှယ်မီဒီယာနှင့် MNTV တို့တွင် ထုတ်လွှင့်တင်ဆက်ခဲ့ပါသည်။ ကျွန်ုပ်တို့ ကောင်စလာများသည် မြန်မာတိုမ်းကဲ့သို့သော အထင်ကရမီဒီယာများတွင် ဆောင်းပါးများအပါဝင် ပညာပေးရေးသားတင်ဆက်မှုများလုပ်ဆောင်ခြင်း၊ ရေဒီယိုနှင့် တီဗွီအစီအစဉ်များတွင် ပါဝင်ဆွေးနွေးခြင်း များကိုလည်း လုပ်ဆောင်လျက်ရှိပါသည်။ ထို့အပြင် စိတ်ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲများ၊ နှစ်စဉ်ကျင်းပသည့် စိတ်ကျန်းမာရေးဆိုင်ရာ အစီအစဉ်များ၊ Proud Celebration ကဲ့သို့သော အစီအစဉ်များတွင်လည်း အားဖြည့်ပါဝင်လျက်ရှိပါသည်။ အပတ်စဉ် ည ၇နာရီတွင် ကျွန်ုပ်တို့၏ ဖေ့ဘုတ်ပေ့ချ်တွင် စိတ်ကျန်းမာရေး အသိပညာပေး တိုက်ရိုက်ဟောပြောပွဲ အစီအစဉ်ကို ထုတ်လွှင့်လျက်ရှိကာ ဝင်ရောက်ကြည့်ရှုသူများအနေဖြင့် ဝင်ရောက်ဆွေးနွေးခြင်း၊ မေးခွန်းများ မေးမြန်းခြင်း တို့ကို ပါလုပ်ဆောင်နိုင်ပါသည်။


ပြည်တွင်းနှင့် နိုင်ငံတကာ အန်ဂျီအိုအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စိတ်ကျန်းမာရေးဆိုင်ရာ သီချင်းများထုတ်လွှင့်မှုအစီအစဉ်များတွင် နည်းပညာပိုင်းဆိုင်ရာ အကြံပေးခြင်း၊ ပြည်တွင်း နေရာဒေသ ၁၀၀ ကျော်မှ ဒေသဆိုင်ရာခေါင်းဆောင်ပေါင်း ၂၄၀၀ ကျော်အတွက် စိတ်ကျန်းမာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို လုပ်ဆောင်ပေးခြင်းဖြင့် စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာများဖြန့်ဝေခြင်း၊ စိတ်ပိုင်းဆိုင်ရာအကူအညီရယူခြင်းနှင့်ပတ်သက်၍ လွဲမှားသော အယူအဆများအား ခြေဖျက်ခြင်း၊ စိတ်ခံစားချက်များဖွင့်ထုတ်ပြောကြားခြင်းဖြင့် စိတ်ကျန်းမာရေးကောင်းမွန်အောင် လက်တွေ့လမ်းပြပေးခြင်း စသည်တို့ကို လုပ်ဆောင်ပေးနိုင်ခဲ့ပါသည်။
Counselling Corner
Singapore – Myanmar – Thailand