
ကျွန်ုပ်တို့အကြောင်း
Counselling Corner သည် စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးတိုင်ပင်မှုများ၊ စိတ်ပိုင်းဆိုင်ရာကုထုံးများဖြင့်ပေးခြင်း၊ စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတ များအား အများပြည်သူထံသို့ ဖြန့်ဝေပေးခြင်းစသည့် ဝန်ဆောင်မှုများဖြင့် လူ့အဖွဲ့အစည်းအတွင်း ကောင်းမွန်သော အရွေ့များဖြစ်ပေါ်စေရန် လုပ်ဆောင်လျက်ရှိပါသည်။ လူ့အဖွဲ့ အစည်းတိုးတက်ရေးကို ရှေးရှုသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများမှ လူအများ၏ စိတ်ဒဏ်ရာများကို ကုစားပေခြင်းဖြင့် ပိုမိုကျန်းမာကောင်းမွန်သော ဘဝများကို ရယူပိုင်ဆိုင်နိုင်မည်ဟု ယုံကြည်ပါသည်။


စိတ်ကျန်းမာရေးသည် တပွဲထိုးလုပ်ဆောင်ရသည့် အရာမဟုတ်ဘဲ တဆင့်ပြီးတဆင့် ရေရှည်ဂရုစိုက်လုပ်ဆောင်ရသည့် ဖြစ်စဉ်တစ်ခုဟု ကျွန်ုပ်တို့က ယုံကြည်ပါသည်။
ကျွန်ုပ်တို့၏ ကောင်စလာများနှင့် စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးသူများကို ဆက်ဆံရေးပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ နှင့် ရုံးပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ လည်း ကူညီထောက်ပံ့ပေးနေ သည့်အတွက် ပရော်ဖက်ရှင်နယ်ဆန်သည့် စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကို စိတ်အေးချမ်းသာစွာ ရယူနိုင်မည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကိုရယူသူများတွင် တသီးပုဂ္ဂလတစ်ဦးချင်းမှစ၍ ကုမ္ပဏီကြီးများ၊ ကော်ပိုရိတ်ကြီးများ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများမှဝန်ထမ်းများ၊ ၎င်းတို့က ကူညီထောက်ပံ့ပေးနေသည့် လူမှုအသိုင်းအဝိုင်းများ၊ စိတ်ပိုင်းဆိုင်ရာဆွေးနွေးတိုင်ပင်သူတစ်ဦးဖြစ်ရန် လေ့ကျင့်နေသူများ စသည်ဖြင့် အလွှာအသီးသီးပါဝင်ပါသည်။
Our Team

Counselling Corner
Singapore – Myanmar – Thailand