သတင်းစာစဉ် – မတ်လ ၂၀၂၄

Counselling Corner သတင်းစာစဉ် – မတ်လ ၂၀၂၄

နှစ်ကူးသင်္ကြန်ပွဲတော်နဲ့ ပြန်လည်နီးကပ်လာပြီ ဖြစ်တဲ့အတွက်ကြောင့် အခုချိန်ဟာ ကိုယ်ဖြတ်သန်းခဲ့တဲ့ အချိန်တွေကို ပြန်ပြောင်း ဆင်ချင်သုံးသပ်ဖို့ အချိန်ကောင်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၂ လမှာ ဘာတွေ အောင်မြင်ဖြစ်မြောက်ခဲ့သလဲ၊ နှစ်သစ်အတွက် ဘာအစီအစဉ်တွေ ရှိသလဲ၊ ဘယ်အရာတွေအတွက် ဝမ်းမြောက်ကျေနပ်သင့်သလဲ။ ဒီနှစ်သစ် ပိတ်ရက်တွေက (၁၃ – ၁၆ ဧပရီ ၂၀၂၄) ရှုပ်နေတာတွေကို ရှင်းဖို့ အချိန်ကောင်းဖြစ်ပါတယ်။ ဟောင်းနွမ်းတဲ့ ပစ္စည်းတွေ၊ အတွေးတွေ၊ အကျင့်တွေကို ပယ်ပြီး လန်းဆန်းမှုတွေနဲ့ နှစ်သစ်ကို စလိုက်ကြရအောင်။

Reflection Journal

Counsellor ဆုလဲ့နန္ဒာနဲ့ မေဖြိုးသူတို့က အခြား counsellor များနဲ့အတူ မြန်မာဘာသာစကားသုံး reflection journal စာအုပ်ကို ထုတ်လုပ်ဖို့အတွက် လပေါင်းများစွာ ကြိုးပမ်းခဲ့ပါတယ်။ ဒီစာအုပ်ရဲ့ စာမျက်နှာ ၂၉၉ မျက်နှာမှာ သင့်ရဲ့ ရက်သတ္တပတ် ၅၂ ပတ်စာ ခံစားချက်တွေ၊ အောင်မြင်မှုတွေ၊ သင်ဝမ်းမြောက်ရတဲ့ အရာတွေနဲ့ နောက်တစ်ပတ်၊ နောက်တစ်လအတွက် အကြံအစည်တွေကို ချရေးနိုင်မှာ ဖြစ်ပါတယ်။ ဒီစာအုပ်က သင့်ရဲ့ စိတ္တသုခကို သင့်တင့်မျှတစေဖို့အတွက်နဲ့ ကုန်လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေကို ပြန်လည်ဆင်ခြင်သုံးသပ်ပြီး အနာဂတ်ကို မျှော်ကြည့်ဖို့အတွက် အရမ်းကို အသုံးကျပါတယ်။ စာအုပ်ထဲမှာ စိတ်ကျန်းမာရေး ကြံ့ခိုင်အောင် ဘယ်လိုနေသင့်တယ်၊ သူတစ်ပါးကို ဘယ်လိုပံ့ပိုးသင့်တယ် ဆိုတာတွေအတွက် အကြံပြုချက်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။

Reflection journal စာအုပ်ကို ၂၆၀၀၀ ကျပ်နဲ့ Counselling Corner bookshop မှာ ဝယ်လို့ ရပါပြီ။ လူကိုယ်တိုင် လာဝယ်နိုင်သလို ဖုန်း၊ အီးမေး၊ Facebook Messenger၊ Viber နဲ့ WhatsApp တို့ကနေလည်း မှာယူနိုင်ပါပြီနော်။ ကိုယ်ချစ်ရတဲ့သူတွေနဲ့ ဝန်ထမ်းတွေအတွက် အကောင်းဆုံး သင်္ကြန်လက်ဆောင်လေးပါ။

ကုမ္ပဏီတွေအတွက် အုပ် ၄၀ မှာယူရင် ဝန်ထမ်းတွေအတွက် webinar တစ်ခု အခမဲ့ လုပ်ပေးမဲ့ အစီအစဉ်လည်း ရှိပါတယ်။ Webinar အတွင်းမှာ ကျွန်တော်တို့ရဲ့ counsellor တွေက စိတ်ကျန်းမာရေးနဲ့ reflection journal အသုံးပြုနည်းတို့ကို မျှဝေဆွေးနွေးပြီး မေးခွန်းတွေကိုလည်း ဖြေပေးမှာ ဖြစ်ပါတယ်။ နှစ်သစ်ကို စဖို့အတွက် ပြီးပြည့်စုံတဲ့ အစီအစဉ်လေးပါ။

ဝန်ထမ်းတွေရဲ့ စိတ်သောက – ဘယ်လို ကိုင်တွယ်ကြမလဲ

ယခင်လမှာတော့ စစ်မှုထမ်းဥပဒေသစ်ရဲ့ အကျိုးဆက်တွေကို ကုမ္ပဏီတွေ၊ ဝန်ထမ်းတွေ နားလည်ဖို့ လုံးပမ်းကြတာကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရပါတယ်။ ကုမ္ပဏီတစ်ခုအနေနဲ့ သင့်ရဲ့ ဝန်ထမ်းတွေကို သူတို့ရဲ့အတွေးတွေ အစီအစဉ်ကျစေဖို့၊ limbic စနစ်ကို ရှင်းလင်းစေဖို့ ပံ့ပိုးခြင်းအားဖြင့် ကူညီနိုင်ပါတယ်။ Limbic စနစ်ဆိုတာ ခံစားချက်တွေကို သိမ်းပေးတဲ့ သင့်ရဲ့ ဦးနှောက်အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒီအပိုင်းမှာ ခံစားချက်တွေ အရမ်းများပြီး ပြည့်သိပ်နေတယ်ဆိုရင် ကျိုးကြောင်းဆီလျော်တဲ့ အတွေးတွေအတွက် သင့်ဦးနှောက်ထဲမှာ နေရာမရှိတော့ပါဘူး။ တစ်နည်းနဲ့ ပြောရရင် ကျောတ်ရွံ့မှု၊ စိုးရိမ်ပူပန်မှု၊ ဝမ်းနည်းပူဆွေးမှု၊ ခိုကိုးရာမဲ့ခံစားမှု၊ စသဖြင့်သော ခံစားမှုတွေကြောင့် သင်စိတ်ဒုက္ခရောက်နေတဲ့ အချိန်မှာ သင့်ဦးနှောက်ထဲမှာ အကျိုးသင့် အကြောင်းသင့် တွေးခေါ်နိုင်စွမ်း နည်းပါးပါတယ်။

Limbic စနစ်ကို ရှင်းလင်းဖို့ အကောင်းဆုံးနည်းလမ်းက သင့်ရဲ့ ခံစားချက်နဲ့ ခံစားမှုတွေကို အခြားသူများနဲ့ မျှဝေခြင်း ဖြစ်ပါတယ်။ မြန်မာဝန်ထမ်း အတော်များများက ခံစားမှုတွေကို ဖော်ပြခြင်းနဲ့ အသားမကျပါဘူး။ ဒီတော့ ဒီအလေ့အထကို လူ ၂၀ အဖွဲ့လေးတွေနဲ့ လေ့ကျင့်တာက အလွန်သင့်တော်ပါတယ်။ ယေဘုယျအားဖြင့် တစ်ဆက်ရှင်က သူတို့ရဲ့ စိတ်တွေ ပေါ့ရှင်းသွားဖို့အတွက် လုံလောက်ပါတယ်။

Counselling Corner Myanmar က ထောင်ချီတဲ့ အခြေခံနဲ့ ရာထူးမြင့် မြန်မာဝန်ထမ်းများအတွက် ဒီလို စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲတွေကို ရလာဒ်ကောင်းတွေနဲ့ လုပ်ဆောင်နေပါတယ်။ ဒီဆွေးနွေးပွဲတွေကို အွန်လိုင်း သို့မဟုတ် လူကိုယ်တိုင် လုပ်ဆောင်လို့ ရပါတယ်။

၀၉-၇၈၅၀၇၄၁၇၃ ကို ခေါ်ပြီး သင်္ကြန်မတိုင်မီ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲ စီစဉ်ဖို့အတွက် ကျွန်တော်တို့ကို ဆက်သွယ်လိုက်ပါ။ ကျွန်တော်တို့ရဲ့ အချိန်ဇယား ပြည့်ခါနီးပြီမို့လို့ အမြန်ခေါ်လိုက်နော်။

Paula Gil Baizan ရဲ့ တိုက်ရိုက်ထုတ်လွှင့် ဟောပြောပွဲ အစီအစဉ် –

“ ရှင်တို့ရဲ့ဆက်ဆံရအခက်ဆုံး လူနာတွေကို ကျွန်မဆီ ပို့ပါ”

Counselling Corner က အရမ်းကို စိတ်ဝင်စားစရာကောင်းပြီး အသိပညာတိုးစေတဲ့ Paula Gil Baizan ရဲ့ ဟောပြောပွဲကို စီစဉ်ခွင့် ရခဲ့ပါတယ်။ ဒီပွဲမှာတော့ Paula Gil Baizan က ပြောင်းလဲမှုနဲ့ မက္ကဆီကိုက ဆေးရုံတစ်ရုံမှာ လူနာဗဟိုပြုနည်းကို အသုံးပြုခြင်းအကြောင်း လေ့လာတွေ့ရှိချက်တွေကို တင်ပြခဲ့ပါတယ်။ ဟောပြောပွဲအတွင်းမှာ ပြောင်းလဲလို့ မရနိုင်ဘူးလို့ ထင်ရတဲ့ နေရာတွေမှာ ပြောင်းလဲမှုတွေ ဖန်တီးတဲ့အကြောင်းကို နက်နက်နဲနဲ ဆွေးနွေးခဲ့ပါတယ်။

မိသားစုအထူးပြု စိတ်ကုထုံးပညာရှင် ဒေါက်တာ Angeles Baizan က ၁၉၉၀ ခုနှစ်တွေအတွင်းမှာ မက္ကဆီကို ဆေးရုံတစ်ရုံရဲ့ အခန်းကျဉ်းလေးထဲမှာ ရေတိမ်စွဲ လူနာတွေကို လက်ခံစကားပြောခဲ့ပါတယ်။ သူ့အတွက် အကြီးမားဆုံး အခက်အခဲကတော့ စိတ်ပညာရှင်ရှိခြင်းက လူနာတွေအတွက်ရော ဆရာဝန်တွေအတွက်ရော အကျိုးရှိကြောင်း ဆရာဝန်တွေကို နားချရတာပါပဲ။ နားချတဲ့ အခါမှာ သူက ” ရှင်တို့ရဲ့ ဆက်ဆံရအခက်ဆုံး လူနာတွေကို ကျွန်မဆီ ပို့ပါ” လို့ ပြောလေ့ရှိပါတယ်။

အချိန်သိပ်မကြာခင်မှာဘဲ ဆေးရုံက လူနာတွေရဲ့ ဝေဒနာ သက်သာမှု ပုံစံ တိုးတက်လာတာကို သတိထားမိလာပါတယ်။ ဒီတော့ လူနာတွေရဲ့ ခန္ဓာကိုယ်အပြင် စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုကိုပါ အရေးစိုက်တဲ့၊ ပိုမိုပြည့်စုံတဲ့ ကျန်းမာသုခနည်းလမ်းတွေကို ရှာဖွေလာကြပါတယ်။

ဟောပြောပွဲအတွင်းမှာ Paula က အတွေ့အကြုံတွေ၊ အကောင်းဆုံး အလေ့အထတွေ၊ လေ့လာချက်တွေကို မျှဝေခဲ့ပါတယ်။ ပြီးတော့ ဟောပြောပွဲ တက်ရောက်သူတွေနဲ့ မြန်မာနိုင်ငံ စိတ်ကျန်းမာရေး ဝန်ဆောင်မှုတွေ ဘယ်လိုပူးပေါင်းလို့ရမယ်၊ ပြောင်းလဲဖို့ ခက်တဲ့နေရာတွေမှာ ပြောင်းလဲမှုတွေကို ဘယ်လိုဖန်တီးနိုင်မယ် ဆိုတာတွေကို ပွင့်လင်းမြင်သာစွာ ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။

ဟောပြောပွဲကို မြန်မာ counsellor များ၊ ဆေးပညာနယ်ပယ်ဝန်ထမ်းများနဲ့ ပြောင်းလဲမှုတွေကို ဖန်တီးလိုတဲ့ အခြားသူများ တက်ရောက်ခဲ့ပါတယ်

Adore Mental Well-being and Counselling မန္တလေးမှာ ဖွင့်ပါပြီ

Royal Hospital မှာ ကိုယ်ပိုင် စိတ်ကျန်းမာရေးစင်တာကို ဖွင့်လစ်လိုက်တဲ့ မ Tweety ကို ဂုဏ်ပြုချင်ပါတယ်ခင်ဗျာ။ မ Tweety က Counselling Corner ရဲ့ Advanced Counselling Skills Training (Batch 10) ကို နိုဝင်ဘာ ၂၀၂၂ က ပြီးမြောက်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့ သူဟာ workshop တွေမှာ co-facilitator အဖြစ် တာဝန်ယူပြီး အတွေ့အကြုံတွေယူရင်း သူ့ရဲ့ တက်ကျွမ်းမှုတွေကို သွေးခဲ့ပါတယ်။ Counselling Corner က counsellor တွေဆီက အပိုဆောင်း လေ့ကျင့်မှုတွေရယူ၊ ဆေးရုံဒါရိုက်တာတွေနဲ့ တွေ့ဆုံညှိနှိုင်းပြီးနောက် Adore Mental Well-Being and Counselling ကို ဖွင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီစင်တာရဲ့ ရည်ရွယ်ချက်ကတော့ Counselling Corner က ရန်ကုန်မှာ လုပ်နေသလိုဘဲ လူတွေကို စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု မြှင့်တင်ပေးဖို့အတွက် အနုပညာနဲ့ ရွှံ့စေး workshop တွေကို စီစဉ်ဖို့ပါ။ လူတစ်ဦးခြင်း consultation နဲ့ counsellling ဆက်ရှင်တွေကိုလည်း ပေးနေပါပြီ။

Counselling Corner လက်ထွက်တွေ ဖြစ်တဲ့ မဘုံးတင့်နဲ့ မမေဘုန်းတို့နဲ့အတူ မ Tweety က မန္တလေးမှာ စိတ်ကျန်းမာရေး ဝန်ဆောင်မှုတွေကို ပေးနေပါပြီ။

အစဉ်တိုးတက်မှုနဲ့ အရည်အသွေးမြင့် counselling ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် မန္တလေးအဖွဲ့က Counselling Corner က စီနီယာ counsellor တွေဆီကနေ အပါတ်စဉ် supervision ရယူပါတယ်။ လိုအပ်ပါက Adore Mental Well-being and Counselling ကနေ client များကို Counselling Corner သို့ လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။

Cambrige တက္ကသိုလ်ရဲ့ မြန်မာနိုင်ငံ စိတ်ကျမှု ရေချိန် ဆန်းစစ်လေ့လာချက်

သိပ်မကြာမီက Cambridge တက္ကသိုလ်မှ မြန်မာနိုင်ငံရဲ့ စိတ်ကျမှုနဲ့ စိုးရိမ်သောက ရေချိန်အကြောင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အောက်တိုဘာလ ၂၀၂၁ အတွင်း အွန်လိုင်းမှတစ်ဆင့် အသက် ၁၈ နှစ်နဲ့အထက် မြန်မာနိုင်ငံသားများကို non-probability survey စာရင်းကောက်ယူခဲ့ပါတယ်။ စိတ်ကျန်းမာရေးနဲ့ လူမှုပထဝီဆိုင်ရာ မေးခွန်းများကိုလည်း မေးခဲ့သလို Patient Health Questionnaire-4 ကို အသုံးပြုပြီးတော့ ဖြေဆိုသူတွေရဲ့ စိတ်ကျမှုနဲ့ စိုးရိမ်သောက ရေချိန်ကို တိုင်းတာခဲ့ပါတယ်။

“ တွေ့ရှိရတဲ့ စိုးရိမ်သောကနဲ့ စိတ်ကျမှု လက္ခဏာတွေက လက်ရှိအခြေအနေများအပေါ် စဉ်ဆက်မပြတ် စောင့်ကြည့်ဖို့ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ စိတ်ကျန်းမာရေး လိုအပ်ချက်တွေအတွက် လူသားချင်း စာနာထောက်မှု အထောက်အပံ့တွေ လိုအပ်ကြောင်းကို သိသာထင်ရှားစေပါတယ်” လို့ သူတို့ ကောက်ချက်ချပါတယ်။

သုတေသန တွေ့ရှိချက်အရ ပါဝင်သူတွေရဲ့ ၆၀.၇၁ % က စိတ်ကျမှုနဲ့ စိုးရိမ်သောက ဖြစ်နိုင်ခြေ မြင့်မား၊ ၆၁ % က စိတ်ကျမှု ဖြစ်နိုင်ခြေနိုင်ခြေ မြင့်မား၊ ၅၈ % က စိုးရိမ်သောက ဖြစ်နိုင်ခြေ မြင့်မားပါတယ်။ အစီရင်ခံစာ အပြည့်အစုံကို ဒီမှာ ဖတ်ပါ။

Counselling Corner မှ စိတ်ကျမှုအထူးပြု ကိုယ်ပိုင်စစ်တမ်းတွေကို PHQ-9 ကို အသုံးပြုပြီးတော့ လုပ်ဆောင်နေပါတယ်။ ထောင်ချီတဲ့ လူတွေကို အောက်တိုဘာ ၂၀၂၂ မှာ စစ်တမ်းကောက်ယူခဲ့ပြီး ဧပရီ ၂၀၂၃ နဲ့ ဖေဖဝါရီ ၂၀၂၄ မှာလည်း Dutch University of Applied Sciences နဲ့ ပူးပေါင်းပြီးတော့ စာရင်း ထပ်ကောက်ခဲ့ပါတယ်။ Counselling Corner ရဲ့ စစ်တမ်းရလာဒ်တွေဟာလည်း Cambridge စာတမ်းနဲ့ ဆင်တူပြီး နိုင်ငံတစ်ဝန်း စိတ်ကျန်းမာရေး ပြုစုစောင့်လျှောက်မှု လိုအပ်နေကြောင်းကို မီးမောင်းထိုးပြပါတယ်။

အတန်အသင့်မှ ပြင်းပြင်းထန်ထန် စိတ်ကျနေတဲ့ လူဦးရေ ရာခိုင်နှုန်းဟာ မြင့်မားနေတာကို တွေ့ရှိရပါတယ်။

အောက်တိုဘာ ၂၀၂၂၅၁.၈ % သော ဖြေဆိုသူများက အတန်အသင့် သို့မဟုတ် ပြင်းပြင်းထန်ထန် စိတ်ကျနေသည်ဟု တွေ့ရှိခဲ့ပါသည်။
ဧပရီ ၂၀၂၃၄၅.၆ % သော ဖြေဆိုသူများက အတန်အသင့် သို့မဟုတ် ပြင်းပြင်းထန်ထန် စိတ်ကျနေသည်ဟု တွေ့ရှိခဲ့ပါသည်။

ဒီရာခိုင်နှုန်းတွေက ယူကရိန်းနိုင်ငံ (၄၀.၇ %) နဲ့ ကိုဗစ်-၁၉ ကာလအတွင်းက အမေရိကန်နိုင်ငံ (၂၇.၈%) ကထက် ပိုမြင့်မားပါတယ်။ လက်ရှိ ဂါဇာ (၇၁ %) ထက်တော့ နည်းပါတယ်။

စိတ်ကျသူများဟာ မူးရစ်ဆေး၊ အရက်၊ လောင်းကစား၊ အကြမ်းဖက်မှု (ကျားမအခြေပြုအကြမ်းဖက်မှု) နဲ့ ကိုယ့်ကိုယ်ကိုယ် နာကျင်စေခြင်းအားဖြင့် ထွက်ပေါက်ရှာတတ်ကြပါတယ်။ ဒီလက္ခဏာတွေကို လက်ရှိမှာ ရန်ကုန်နဲ့ အခြားနေရာတွေမှာ တွေ့ရပါတယ်။

ကျွန်တော်တို့ရဲ့ စစ်တမ်းတွေအကြောင်း ပိုသိလိုပါက ဆက်သွယ်လိုက်ပါ။

စာအုပ်ဆိုင်

မြန်မာနိုင်ငံမှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ရှာဖို့ မလွယ်ပါဘူး။ ကျွန်တော်တို့ရဲ့ counsellor တွေနဲ့ ကျောင်းသားတွေရဲ့ တိုးတက်မှုအတွက် ရန်ကုန်မြို့လယ်ခေါင်ရှိ ကျွန်တော်တို့ရဲ့ ရုံးမှာ စာအုပ်တွေကို စုစည်းရောင်းချ ပေးနေပါတယ်။ လွန်ခဲ့တဲ့လတွေက Counselling Corner မှ ထုတ်လုပ်ခဲ့တဲ့ Memory Game (ခံစားမှုဆိုင်ရာ)၊ Reflective Journal နဲ့ အနုပညာနဲ့ ရွှံ့စေးခြင်းတောင်းတွေကိုလည်း ကျွန်တော်တို့ရဲ့ စာအုပ်ဆိုင်မှာ ဝယ်ယူနိုင်ပါပြီ။

စိတ်ဝင်စားပါက ဆိုင်မှာရှိတဲ့ ပစ္စည်းတွေကို အောက်ပါလင့်မှာ ကြည့်ပါ။ လိုအပ်ပါက အိမ်တိုင်ရာရောက် ပို့ဆောင်ပေးပါတယ်။

https://counsellingcornermyanmar.com/shop-corner

ဆက်ဆံရေးပြသာနာများ


ဖေဖော်ဝါရီလအတွင်းမှာလည်း Counselling Corner ကနေပြီးတော့ အမြဲထုတ်လွှင့်ပေးနေကျဖေ့ဘွတ်ခ်တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ပါတယ်။
ဒီလမှာတော့ ဖေဖော်ဝါရီလဖြစ်တာနဲ့အညီ ဆက်ဆံရေးပြဿနာများအကြောင်းကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ “Let’s talk about Relationship” ဆိုတဲ့ခေါင်းစဉ်နဲ့ ပထမဆုံးအပတ်ကို စတင်ခဲ့ပြီး လူတွေကြားမှာရှိတတ်တဲ့ဆက်ဆံရေးပုံစံတွေအကြောင်းကိုပြောပြခဲ့သလို၊ ဒုတိယပတ်မှာတော့ “It didn’t start with you: childhood and relationships” ဆိုတဲ့ခေါင်းစဉ်နဲ့ မိမိကြုံတွေ့နေရဲ့အခက်အခဲတွေ ထပ်ခါတလဲလဲဖြစ်နေတဲ့ပုံစံတွေဟာ မိမိနဲ့မှစတင်ခဲ့တာမဟုတ်ဘဲ တွယ်တာမှုပုံစံတွေက မျိုးရိုးအဆက်ဆက်လက်ဆင့်ကမ်းလာနိုင်တယ်ဆိုတဲ့အကြောင်းကို ဆွေးနွေးသွားခဲ့သလို၊ ထို့နောက်မှာတော့ “What’s going on now? Common Relationship Challenges” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆက်ဆံရေးတွေမှာကြုံလေ့ရှိတဲ့အခက်အခဲ၊ပြဿနာတွေအကြောင်းကို ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးအပတ်မှာတော့ “Marking it work: Healthy Relationship” ဆိုတဲ့ခေါင်းစဉ်နဲ့ အခုဖြစ်နေတဲ့အခက်အခဲ၊ပြဿနာတွေဟာ အဆုံးသတ်မဟုတ်ဘဲ ဒီထပ်ခါတလဲလဲဖြစ်နေတဲ့ပုံစံကနေ ဘယ်လိုရုန်းထွက်မလဲ၊ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကိုဘယ်လိုတည်ဆောက်မလဲဆိုတာကို ပြောပြရင်းအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

ဟောပြောချက်ကို ထပ်ကြည့်ချင်ပါသလား သို့မဟုတ် အပိုင်းများထဲမှ တစ်ခုကို လွတ်သွားပါသလား။ ဆွေးနွေးပွဲအားလုံးအတွက် ကျွန်ုပ်တို့၏ YouTube ချန်နယ်ကို ကြည့်ရှုပါ https://www.youtube.com/@CounsellingCorner

လာမည့် Facebook Live တွင်ပါဝင်ရန်၊ မေးခွန်းများမေးမြန်းပြီး ခေါင်းစဉ်ကိုဆွေးနွေးရန် အခမဲ့ဗုဒ္ဓဟူးနေ့အလုပ်ရုံဆွေးနွေးပွဲအတွက် စာရင်းပေးသွင်းပါ- https://www.facebook.com/counsellingcornermyanmar)

အထက်ဖော်ပြပါမေးခွန်းများ သို့မဟုတ် အကြံပြုချက်များရှိပါက သို့မဟုတ် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက ကျေးဇူးပြု၍ share/like လုပ်ပြီး ဆက်သွယ်ပါ။ ကျွန်ုပ်တို့သည် လူများအား စိတ်ကျန်းမာရေးအကြောင်း ပြောဆိုရန် ပိုမိုလွယ်ကူစေလိုပါက သင့်အဖွဲ့နှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး ၎င်းကို တိုးတက်အောင် လုပ်ဆောင်ရန် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးထံမှ အကူအညီ လိုအပ်ပါသည်။

စုံစမ်းမေးမြန်းရန်၊ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

အီးမေးလ်: contact@counsellingcornermyanmar.com

ဖုန်း : 09 785 074 173 , 09 784 509 916

Exit mobile version