ဧပြီလ၂၀၂၃သတင်းစာစဉ်

ယခင်လသတင်းစာစဉ်အတွက် အမှားပြင်ဆင်ချက်

ယခင်လအတွက် တုံ့ပြန်ချက်လေးရတဲ့အတွက် ကျွန်တော်တို့အလွန်ပဲ ဝမ်းမြောက်ရပါတယ်။ INGOမှစာဖတ်သူတစ်ယောက်ဟာ “စွဲလမ်းခြင်း” ဆိုတဲ့စကားလုံးဟာ အထင်အမြင်မှားတွေဖြစ်စေနိုင်တာမို့ “ဆေးဝါးအပေါ်မှီခိုမှု”ဟု အစားထိုးသုံးစွဲရန် မှန်ကန်စွာဝေမျှပေးသွားပါသည်။

တကယ်တော့ ဆေးဝါးတွေသုံးဆွဲခြင်းဟာ စိတ်ဓာတ်ကျခြင်း၊စိတ်ဒဏ်ရာနဲ့ အခြားစိတ်ကျန်းမာရေးကိစ္စတွေကြောင့် ဖြစ်လာတဲ့ “စိတ်ပိုင်းဆိုင်ရာ နာကျင်မှု”တွေကို လျှော့ချဖို့ နည်းလမ်းရှာတာမျိုးနဲ့ ဆက်စပ်နေတတ်ပါတယ်။ ကျွန်တော်တို့ဟာ ဆေးဝါးတွေအပေါ်မှီခိုနေသူအပေါ် ကိုယ်ချင်းရောစိတ်ချင်းရောစာနာပေးပြီး ကူညီထောက်ပံ့ပေးဖို့လိုအပ်ပါတယ်။

Social Media၊လောင်းကစား၊အရက်သောက်ခြင်း၊စတဲ့ အမူအကျင့်တွေကို အလွန်အမင်းမှီခိုနေသူတွေအတွက်လည်း သင့်လျော်တဲ့ အင်္ဂလိပ်စာလုံးကိုတွေ့ဖို့ ရှာဖွေနေပါတယ်။ အလားတူပဲ မြန်မာစကားလုံးဖြစ်တဲ့ “စွဲလမ်းခြင်း” ဆိုတဲ့စကားလုံးဟာကော အပျက်သဘောဆောင်တဲ့ဘက်ကိုရောက်နေလားဆိုတာကို ဝေဖန်အကြံပြုပေးပါဦး။

ဘဝတစ်လျှောက်မှာကြုံတွေ့ရတဲ့ စိတ်ဖီးစီးမှုများ 

ဧပြီလအတွင်းမှာ ဘဝတစ်လျှောက်အပိုင်းအခြားတစ်ခုစီတိုင်းမှာ ကြုံတွေ့ရတဲ့ စိတ်ဖီးစီးမှုတွေအကြောင်းကို (ကလေးဘဝ၊ဆယ်ကျော်သက်အရွယ်၊ကိုယ်ဝန်ဆောင်ကာလ၊ပင်စင်အရွယ်) အရွယ်တစ်ခုပြောင်းလဲတိုင်းမှာ ကြုံရတဲ့ တိုးပွါးလာတဲ့ စိတ်ဖီးစီးမှုအကြောင်းတွေကို ပြောဖြစ်ပါတယ်။

ဒီအရာတွေဟာ ပုံမှန်အတိုင်းဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ဘဝကို စိတ်လှုပ်ရှားမှုတွေဖြစ်စေတာကြောင့် အရမ်းမစိုးရိမ်ကြပါနဲ့။ သင့်ဘဝရဲ့ အဆင့်တိုင်းမှာ စိန်ခေါ်မှုအသစ်တွေရှိပါတယ်။

နာမည်ကြီး အမေရိကန် စိတ်ကုထုံးပညာရှင်တစ်ယောက်ဖြစ်တဲ့ Irvin D Yalomဟာ “The Gift Of Therapy” ဆိုတဲ့ အရမ်းကောင်းမွန်တဲ့စာအုပ်တစ်အုပ်ကိုရေးသားခဲ့ပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ သူရဲ့ ဘဝအတွေ့အကြုံနဲ့ အသက်ကာလတွေအပေါ်မူတည်ပြီး စာအုပ်ထဲမှာအချက်အလက်အသစ်တွေ ထပ်ထပ်ဖြည့်ပါသည်။ ဒီစာအုပ်ကိုဖတ်ခြင်းအားဖြင့် သင့်ရင်ဆိုင်ရမယ့်ဘဝအတွက်ပြောင်းလဲမှုတွေကို ပြင်ဆင်နိုင်ပြီး ကိုယ့်ရဲ့ ကလေးဘဝနဲ့ ဆယ်ကျော်သက်ဘဝတွေကို ပြန်လည်သုံးသပ်နိုင်ပြီး ဘဝကို ဘယ်လမ်းကြောင်းတွေကို လျှောက်လှမ်းရမလဲဆိုတာကို သိရှိစေနိုင်ပါတယ်။

ဒီလအတွင်းမှာ Counselling Corner ရဲ့ အင်္ဂါနေ့ Live အစီအစဉ်တွေ၊ဗုဒ္ဓဟူးနေ့Workshopတွေ၊သောကြာနေ့ postတွေက သင့်ရဲ့လာမယ့်ဘဝကာလအပိုင်းအခြားကို အလွယ်တကူကျော်ဖြတ်စေနိုင်မှာပါ။

ကျွန်တော်တို့ဆီမှာ စိတ်ကျန်းမာရေး၊စိတ်ကုထုံးပညာရပ်တွေနဲ့ပတ်သတ်တဲ့ စာအုပ်များ၊အိမ်မှာ မိမိကိုယ်ကိုပြန်သုံးသပ်ဖို့ ပန်းချီ၊ရွှံ့နဲ့ပတ်သတ်တဲ့ လက်ဆောင်အစုံများကို ဝယ်ယူရရှိနိုင်ပါသည်။ Online ကနေလည်း ဝယ်ယူရရှိနိုင်ပါသည် Counselling Corner Shop

မြင်ကွင်းနောက်ကွယ်-Counsellorsတွေကို ဘယ်သူနှစ်သိမ့်ဆွေးနွေးပေးလဲ

ဒီလမှာတော့ ကျွန်တော်တို့ Counsellors တွေကို ဘယ်လို ကာကွယ်ပေးနိုင်လဲ၊သူတို့ကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်အောင်၊အရည်အသွေးပြည့်မှီတဲ့ Counselling ဝန်ဆောင်မှုတွေပေးနိုင်အောင် ဘယ်လိုတွေလုပ်ဆောင်ရလဲဆိုတဲ့ မြင်ကွင်းနောက်ကွယ်ကအရာတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းက Counsellor တိုင်းဟာ Counselling ချိန်တွေမှာကြုံတွေ့ရတဲ့ကိစ္စတွေ၊Counselling နဲ့ပတ်သတ်ပြီး အကြံဥာဏ်တွေပုံမှန်တောင်းယူနိုင်ဖို့ ကျွမ်းကျင်တဲ့ ကြီးကြပ်သူတစ်ယောက်ထားရှိရပါတယ်။

ကြီးကြပ်သူတွေဟာ Counsellorတွေကိုယ်တိုင်တွေ့ကြုံရတဲ့အကြောင်းအရာတွေကနေ“တန်ပြန်စိတ်ဒဏ်ရာ” တွေမရရှိဖို့ ပြန်လည်ထင်ဟပ်ခြင်း၊အကြံပေးခြင်းနှင့် မှန်ကန်သောမေးခွန်းများကိုမေးခြင်းများ ပြုလုပ်ရပါတယ်။

Counselling Corner မှ ကျွန်တော်တို့ Counselling ဝန်ဆောင်မှုများကို အလွန်အလေးထားသည့်အလျောက် ကျွန်ုပ်တို့ရဲ့ Counsellor တိုင်းဟာ အဖွဲ့အစည်းတွင်းမှ အကြီးတန်းCounsellorတွေကနေဖြစ်စေ၊ ပြည်ပမှဖြစ်စေ ပုံမှန်ကြီးကြပ်မှုခံယူရပါသည်။ ပုံမှန်ကြီးကြပ်မှုခံယူခြင်းဟာ Counsellorတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်နေအောင်၊Clientတွေအတွက်အမြဲတစေ မှန်ကန်သောဆုံးဖြတ်ချက်များချပေးနိုင်အောင်ကူညီပေးပါသည်။

ငါးနှစ်တာကာလအတွင်းမှာ ကျွန်ုပ်တို့ဟာ လူပေါင်း၂၀၀ကျော်ကို Carl Rogersရဲ့ “ပုဂ္ဂိုလ်ဗဟိုပြုကုထုံးပညာ” ကိုအထူးပြုကာ အထက်တန်းနှစ်သိမ့်ဆွေးနွေးမှုအဆင့်ပြီးမြောက်အောင်ပို့ချသင်ကြားနိုင်ခဲ့ပါသည်။ ကျွန်ုပ်တို့ဟာ Counselling နယ်ပယ်ထဲမှာ ကျင်လည်နေတဲ့ ငယ်ရွယ်တဲ့ Consellorsတွေကို အပတ်စဉ် ဝါရင့် ကြီးကြပ်သူတွေနဲ့ ကြီးကြပ်မှုတွေခံယူဖို့ တိုက်တွန်းချင်ပါသည်။ အကယ်လို့ သင်တို့ကိုယ်တိုင်ရှာဖွေဖို့ ခက်ခဲနေလျှင် ကျွန်တော်တို့ဆီဆက်သွယ်ပြီး ကျွန်တော်တို့Counsellorတွေမှ ကြီးကြပ်မှုတွေကူညီ၍ပေးနိုင်ပါသည်။

ကြီးကြပ်မှုအကြောင်းပိုမိုသိရှိလိုပါသလား? ဩစတျေးလျနိုင်ငံမှ ကြီးကြပ်မှုနဲ့ပတ်သတ်တဲ့ လမ်းညွှန်ချက်များကို ဖတ်ရှုနိုင်ပါသည်။ ACA Supervision Policy – theaca.net.au

မိသားစုလိုက် Workshopများ-မျိုးရိုးစဉ်ဆက်၃ခု

မိသားစုတစ်ခုကို ဟန်ချက်ညီအောင်ထိန်းသိမ်းရတာ အထူးသဖြင့် မြန်မာနိုင်ငံမှာဆိုလျှင် အမြဲတမ်းမလွယ်ကူနိုင်ပါဘူး။ တစ်အိမ်ထဲမှာ မျိုးရိုးစဉ်ဆက်သုံးခု အတူတကွနေထိုင်ရတာ ပုံမှန်ပွတ်တိုက်မှုတွေရှိသလို မထင်မှတ်ပဲ မီးဖြတ်တောက်ခံရတာတွေကြောင့် အငြင်းပွါးစရာတွေပိုများလာနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ တစ်ယောက်ချင်းစီ Counselling အချိန်တွေမှာ ငယ်ရွယ်တဲ့မျိုးဆက်တွေဟာ ချန်ထားခံရတယ်၊နားမလည်နိုင်ဘူးဆိုတဲ့ခံစားချက်တွေရှိနေတာ မကြာခဏတွေ့ရပါတယ်။ ဒီခေတ်မျိုးဆက်တွေဟာ သူတို့ရဲ့ ခံစားချက်တွေကိုပြောပြနိုင်ဖို့ တပြိုင်နက်တည်းမှာပဲ လူကြီးသူမတွေကို ဂါဝရတရားရှိစွာဆက်ဆံနိုင်ဖို့အတွက် ရုန်းကန်ရလေ့ရှိပါတယ်။

ခံစားချက်တွေပြောပြဖို့ လုံခြုံရတဲ့နေရာကို ဖန်တီးပေးတာ၊ဝေဖန်ခြင်းမရှိဘဲ သေချာနားထောင်နိုင်ဖို့ဆိုတာ မိသားစုအကြားဆက်ဆံရေးတွေပိုခိုင်မာဖို့ အထူးသဖြင့်ဒီလိုရုန်းကန်ရတဲ့ အချိန်တွေမှာ အရေးပါလှပါတယ်။ တခါတရံမှာ ဒါတွေဟာ နှစ်ပေါင်းများစွာ အတူရှိနေပေမယ့် လွယ်ကူစွာဖြစ်လာဖို့ ဆိုတာခက်ခဲတတ်ပြီး အပျက်သဘောဆောင်တဲ့ ပုံစံတချို့သာ ထပ်ခါထပ်ခါ ဖြစ်လာတတ်ကြပါတယ်။

Counselling Cornerဟာ မိသားစုတွေအကြား ပိုမိုနားလည်ပြီး ပွင့်လင်းတဲ့ဆက်ဆံရေးတွေရှိနိုင်ဖို့ workshopအသစ်တစ်ခု ဖန်တီးထားပါတယ်။ သီးသန့်မိသားစုတွေအတွက် workshopဟာဆိုလျှင် သဘာဝရွှံ့စေးကိုအသုံးပြုပြီး အကြံဥာဏ်သစ်တွေ၊အတွေးအမြင်တွေ၊ခံစားချက်လည်ပတ်မှုတွေရရှိစေနိုင်ပါတယ်။ မိနစ်၂၀အပြီးမှာတော့၊ ကျွမ်းကျင်တဲ့Counsellorတွေဟာ မိသားစုဝင်တစ်ယောက်စီကို ခံစားချက်တွေဖော်ထုတ်ခိုင်းပြီး ကျန်တဲ့မိသားစုဝင်တွေကို ဝေဖန်ပိုင်းခြားမှုမရှိပဲ နားထောင်နိုင်ဖို့ ၊ကိုယ်ချင်းစိတ်ချင်း စာနာနိုင်ဖို့ အားပေးပါတယ်။

ဒီလိုWorkshopကို ဘယ်နေ့မဆိုကြိုတင်စာရင်းပေးထားနိုင်ပြီး Counselling Corner ကသီးသန့်လေအေးပေးစက်ရှိတဲ့အခန်းတွေမှာ လူဦးရေ၁၅ယောက်အထိ မည်သည့်အသက်ရွယ်မဆို မိသားစုဝင်များနှင့်လုပ်ဆောင်နိုင်ပါသည်။ စုစုပေါင်းကုန်ကျစရိတ်ကတော့ ၂၅၀၀၀၀ကျပ်ဖြစ်ပြီး သီးသန့် မိသားစုWorkshopများအတွက် ကြိုတင် စာရင်းပေးထားနိုင်ပါသည်။

Dutch တက္ကသိုလ်ရဲ့ အသုံးချ သိပ္ပံပညာရပ်များ-စစ်တမ်းများကို ဖြေဆိုပြီးမျှဝေပေးဖို့ သင်တို့အကူအညီလိုအပ်ပါသည်။

Counselling Corner နှင့် Eindhovenမြို့အခြေစိုက် Dutch တက္ကသိုလ် အသုံးချ သိပ္ပံပညာရပ်များ ဌာနနှင့်တွဲဖက်လုပ်ကိုင်သော မြန်မာနိုင်ငံလူထုအသိုင်းအဝိုင်း၏ စိတ်ဓာတ်ကျခြင်း အခြေအနေအဆင့်များနှင့်ပတ်သတ်၍ နောက်ဆက်တွဲလေ့လာခြင်းများတွင်ပါဝင်ပေးဖို့ အားလုံးကို အကူအညီတောင်းချင်ပါတယ်။ အစောပိုင်းလေ့လာချက်များအရ(ဤwebsite တွင်ကြည့်ပါ : www.forntiemyanmarnet.com

မိမိကိုယ်ကို စစ်စေးထားသည့် လူဦးရေ၏ ၂၅%သည် အတန်အတင့် ဆိုးရွားအဆင့်မှ ဆိုးရွားစွာ စိတ်ဓာတ်ကျသည်အထိ ခံစားနေရကြောင်းတွေ့ရသည်။

ကျွန်တော်တို့အနေဖြင့် တိုင်းပြည်တဝှမ်းက လူပေါင်းထောင်နှင့်ချီ၍ PHQ-9 နည်းပညာကို သုံးထားသော မေးခွန်းစစ်တမ်းများကို ဖြေပေးကြဖို့ မျှော်လင့်ပါသည်။

Please click here and take 3 minutes to fill in these simple questions

မေးခွန်းစစ်တမ်းများကိုဖြေဆိုသူများအနေနှင့်လည်း ငွေကျပ်တစ်သိန်းကံထူးနိုင်မည့်အခွင့်အရေးများရှိပါတယ်။

သင်္ကြန်ကာလအပြီး ပြန်လည်တက်ကြွအောင်နေထိုင်ခြင်း-စိန်ခေါ်မှုများကို ဖွဲ့စည်းခြင်း

ကြာရှည်တဲ့ င်္သကြန်ရုံးပိတ်ရက်ကာလအပြီးမှာ သင်နှင့် သင့်ရဲ့အသင်းများကို အလုပ်အတွက်ပြန်တက်ကြွဖို့ ခက်ခဲနိုင်ပါသည်။ အပူချိန်များလာတာနဲ့အမျှ လုပ်ဆောင်နိုင်စွမ်းတွေကလည်း လျော့ကျလာပါတယ်။

Counselling Corner အနေနှင့် ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများပြုလုပ်ဖို့ စီစဉ်ပေးနိုင်ပါတယ်။

၆ပတ်တာကာလအတွင်းမှာ၊Trainer Andyနှင့် Counselling Corner တည်ထောင်သူတစ်ဦးဖြစ်တဲ့ကိုအောင်မင်းသိမ်းတို့မှ စိတ်တက်ကြွစေမည့် စကားဝိုင်းများ ကိုပို့ချပါသည်။

အပတ်စဉ်တိုင်းမှာလည်း ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းများကိုလုပ်ဆောင်ဖို့ စိန်ခေါ်မှုများကို ပါဝင်သူများအားလုပ်ဆောင်စေပါသည်။ ပါဝင်သူတစ်ယောက်စီတိုင်းဟာလေ့ကျင့်ခန်းများ၏ “သက်သေပြချက်” များကို အသစ်ဖန်တီးထားသည့် ကုမ္ပဏီTelegramမှသော်လည်းကောင်း Facebookမှသော်လည်းကောင်းမျှဝေပေးဖို့လိုပါသည်။ ရလဒ်အနေနဲ့

-တစ်ဦးစီတိုင်းဟာ စိတ်ရောရုပ်ရောသန်စွမ်းလာတယ်

-ဝန်ထမ်းအချင်းချင်း ချိတ်ဆက်မှုတွေ၊အဖွဲ့တည်ဆောက်မှုတွေအားကောင်းလာတယ်

-ခွန်အားတွေ၊စိတ်တက်ကြွမှုတွေ ပြန်ရလာတယ်

သင့်ကုမ္ပဏီအတွက် စိန်ခေါ်မှုများကို စီစဉ်နိုင်ဖို့ အတွက်ကျွန်ုပ်တို့နှင့်ဆက်သွယ်လို့ရပါတယ်။(ဆယ်ယောက်မှ အယောက်၁၀၀၀အထိဝန်ထမ်းအရေအတွက်ဟာ အဆင်ပြေပါတယ်)

CounsellingCornerနှင့်ပတ်သတ်၍မေးခွန်းများ၊အကြံပြုချက်များ၊ဝန်ဆောင်မှုများနှင့်ပတ်သတ်၍ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့ Social Media များကို like/share နှင့်ဆက်သွယ်လိုရပါသည်။ ကျွန်ုပ်တို့အနေနဲ့ ပြည်သူတွေရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာကောင်းမွန်ပြည့်စုံဖို့ ပိုမိုပြောဆိုရလွယ်ကူအောင်ကြိုးစားနေပြီး ကိုယ့်ရဲ့အသင်းအဖွဲနှင့် အလုပ်မှာ စိတ်ကျန်းမာရေးနှင့်ပတ်သတ်၍ ပိုမိုပွင့်လင်းစွာဆွေးနွေးနိုင်ဖို့ မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အဖွဲအစည်းတွေရဲ့ အကူအညီများလိုအပ်ပါသည်။

အလုပ်နှင့်ပတ်သတ်၍ ဆက်သွယ်လိုပါက

Email-talk-to-us@counsellingcornermyanmar.com

ဖုန်းနံပါတ်-09 785 074 173, 09 784 509 916

Leave a Reply