Counselling Corner Newsletter (Myanmar) – ဇန်နဝါရီ ၂၀၂၃

အားလုံးကို စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာတဲ့ နှစ်သစ်လေးဖြစ်ပါစေဟု ဆုတောင်းရင်း စလိုက်ချင်ပါတယ်။ နှစ်တစ်နှစ်စတဲ့ အချိန်လေးဖြစ်တဲ့အလျောက် ပြီးခဲ့တဲ့နှစ်ကို ပြန်လည်သုံးသပ်ဖို့ အချိန်ကောင်းလေးဖြစ်ပြီး Counselling Corner ကိုယ်တိုင်လည်း ပြန်လည်သုံးသပ်ချက်များပြုလုပ်ခဲ့ပါတယ်။ ကျွန်ုပ်တို့အနေနဲ့ ရာပေါင်းများစွာသော တစ်ဦးချင်းစီ နှစ်သိမ့်ဆွေးနွေးခြင်း(Individual Counselling)များပြုလုပ်ခဲ့ပြီး တကယ်အလုပ်များခဲ့တဲ့နှစ်တစ်ခုဖြစ်ခဲ့ပါတယ်။ ကျွန်ုပ်တို့အတွက်လည်း ကိုယ်ရဲ့ချစ်ခင်ရတဲ့သူတွေ၊အရာတွေ ဆုံးရှုးခဲ့ရသူများကို သူတိုရဲ့ဆက်ဆံရေးတွေပိုကောင်းမွန်လာအောင်၊ စိတ်ဓာတ်ကျခြင်းတွေက ရုန်းထွက်နိုင်အောင် ဘဝအတွက်အလင်းရောင်တွေပြန်လည်ရနိုင်အောင် ကူညီပေးနိုင်ခဲ့တဲ့အတွက် အလွန်ပဲ ဝမ်းမြောက်ရပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းမှာ Counselling Cornerဟာ မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ INGOများ၊ပြည်သူလူထုအခြေပြုအဖွဲအ့စည်းများ၊ စီးပွားရေးကုမ္ပဏီများ ပုဂ္ဂလိကဆေးခန်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ၂၀၂၃မှာလည်း ပိုမိုလုပ်ဆောင်နိုင်ဖို့ စိတ်အားထက်သန်လျက်ရှိပါတယ်။

ကျွန်ုပ်တိုအဖွဲကို လက်ရှိမှာ ရန်ကုန်ရုံးကို ပူးပေါင်းသွားမယ့် Counsellor အသစ်နှစ်ယောက်၊ Singapore ကလုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ပေးနေတဲ့Counsellorတစ်ယောက်တို့ဖြင့် ထပ်မံအားဖြည့်ထားပါတယ်။ သူတို့ဘယ်သူတွေလဲဆိုတာ စိတ်ဝင်စားကြနေပြီလား? ကျွန်တော်တို့ရဲ့ Counselling Corner ရဲ့ websiteမှာ profileတွေကို သွားရောက်ကြည့်ရှုနိုင်ပါတယ်။
Your Therapist – Your Therapist (counsellingcornermyanmar.com)

မိမိတို့ရဲ့ကျန်းမာသုခပြည့်စုံဖို့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုနားဆင်ကြည့်ရအောင်

သင့်ရဲ့စိတ်နဲ့ ခန္ဓာကိုယ် သဟာဇာတဖြစ်အောင်ပြုလုပ်ပါ

Counselling Cornerကနေ အပတ်စဉ်တိုင်းမှာ အမျိုးမျိုးသောခေါင်းစဉ်တွေဖြင့် ကျွန်ုပ်တို့ရဲ့ Social Media မှာ ဗဟုသုတများဝေမျှပေးနေတာ အားလုံးလဲသိကြမယ်ထင်ပါတယ်။ ဇန်နဝါရီလထဲမှာတော့ ကျွန်ုပ်တို့ရဲ့ စိတ်နဲ့ခန္ဓာကိုယ်ကို ဘယ်လိုကျန်းမာစွာအချိုးညီအောင်ထိန်းသိမ်းရမယ်၊ သူတိုတွေအချင်းချင်း ဘယ်လို ဆက်နွှယ်မှုတွေရှိသလဲဆိုတဲ့ အကြောင်းအရာတွေကို အဓိကထားဆွေးနွေးနေပါတယ်။

ကျွန်ုပ်တိုခ့န္ဓာကိုယ်ဟာ ခံစားချက်တိုင်းနှင့် အတွေးအာရုံတိုင်းကို တုံ့ပြန်ပါတယ်။ ကောင်းမွန်တဲ့ အခြေအနေနဲ့ ကြုံတိုင်း ကျန်းမာတဲ့ဟော်မုန်းဓာတ်တွေထွက်သလို စိတ်ဖီးစီးမှုတွေ၊ဒေါသ၊စိုးရိမ်မှုစတဲ့ အပျက်သဘောဆောင်တဲ့ အခြေအနေတွေမှာတော့ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပါတယ်။ ဒီလိုမျိုးအပျက်သဘောဆောင်တဲ့အဖြစ်အပျက်တွေဟာ တစ်ခါတစ်ရံမှာသာဆိုလျှင် ကိစ္စမရှိပေမယ့် ကျွန်ုပ်တိုခ့န္ဓာကိုယ်ဟာ ပြန်လည်အားမွေးဖိုအချိန်မရဘဲ ဒီဟော်မုန်းတွေကို ဆက်တိုက်ထုတ်လွှတ်နေရင်တော့ ကျွန်ုပ်တို့ ကျန်းမာရေးကို ဆိုးရွားတဲ့သက်ရောက်မှုတွေဖြစ်လာစေနိုင်ပါတယ်။

ကျွန်ုပ်တို့စိတ်မှာ စိတ်ဖီးစီးမှုတွေအရမ်းများနေချိန်တွင် ကျွန်ုပ်တို့ ခန္ဓာကိုယ်က အချက်ပေးနေတာကို သတိမပြုမိတာမျိုးရှိနိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်ုပ်တို့ ခန္ဓာကိုယ်ကို သေချာလေးနားစွင့်ပြီး ကျွန်ုပ်တို့ စိတ်ကျန်းမာရေးကိုလည်း သေချာလေးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ခေါင်းကိုက်ခြင်း၊ခါးနာခြင်း၊အစာအိမ်အောင့်ခြင်း၊ရင်ဘက်အောင့်ခြင်း၊ခန္ဓာကိုယ်လှုပ်ခါခြင်း၊အိပ်စက်ရခက်ခြင်း၊အစားအသောက်ပျက်ခြင်းစတဲ့ လက္ခဏာတွေဟာ စိတ်ကြောင့်ခန္ဓာကိုယ်မှာပေါ်လာတဲ့လက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။ ဒီနာကျင်မှုလက္ခဏာတွေဟာ ခန္ဓာကိုယ်မှာ အကြောင်းတစုံတရာမရှိပဲ ပေါ်လာခြင်း၊ပျောက်သွားခြင်းမျိုးဖြစ်နိုင်ပါတယ်။

ကျွန်ုပ်တို့ခန္ဓာကိုယ်မှာလည်ပတ်နေတဲ့ ခံစားချက်တွေကို သိအောင်ကြိုးစားဖို လေ့လာခြင်းဖြင့် မိမိရဲ့ဖြစ်တည်မှုကို သိရှိမှု(Self-awareness)၊မိမိကိုယ်ကိုထိန်းညှိနိုင်မှု(Self-regulation)၊မိမိကိုယ်ကို လက်ခံနိုင်မှု(Self-acceptance) တို့ကို မွေးယူနိုင်ပြီး ဒါကို နားလည်နိုင်မှု ကိုယ်ရည်ကိုယ်သွေး(Embodiment)ဟုခေါ်နိုင်ပါတယ်။ ဒီအရာတွေဟာ ကျွန်ုပ်တို့ ကျန်းမာတဲ့ဘဝတစ်ခုပိုင်ဆိုင်ဖို့ စိတ်နဲ့ရုပ်ပိုင်းဆိုင်ရာကြား သင့်တင့်မျှတမှုရရှိဖို့ လိုအပ်ပါတယ်။ ဒီလေ့ကျင့်ခြင်းတွေဟာ မိမိတို့ဘယ်လိုခံစားရလဲ၊ဘယ်ဟာကို ပိုကြိုက်လဲအပေါ်မူတည်ပြီး ကခုန်ခြင်းကနေ တရားထိုင်ခြင်းအထိ အမျိုးမျိုးကွဲပြားနိုင်ပါသည်။

ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို ဘဝတစ်လျှောက်လုံးဂရုစိုက်ဖို့လိုအပ်ပါတယ်။ မကျန်းမာမှ ပြန်ကောင်းအောင်ကုသတာထက် အစဉ်အမြဲ ကောင်းမွန်ညီမျှအောင် လေ့ကျင့်တာမျိုးပိုလုပ်သင့်ပါတယ်။ ကျွန်ုပ်တိုဟာ စိတ်နဲ့ခန္ဓာကိုယ်ရဲ့လိုအင်တွေဖြည့်စည်းရင်း စောင့်ရှောက်လာတဲ့အခါ ကျန်းမာသုခဆိုတာ ကျွန်ုပ်တိုရဲ့နေ့စဉ်ဘဝမှာပါလာပါလိမ့်မယ်။

နောက်လမှာတော့ Counselling Corner ကနေ ကလေးသူငယ်တွေနဲ့ သူတိုရဲ့စိတ်ကျန်းမာရေးအကြောင်းကို အဓိကထားဆွေးနွေးသွားမှာမို့ Counselling Cornerရဲ့ Social Mediaများကို စောင့်ကြည့်ပေးဖို့ တိုက်တွန်းချင်ပါတယ်။

စိတ်ကျန်းမာရေးနှင့်ပတ်သတ်တဲ့ ဆောင်းပါးများကိုဖတ်ရှုလိုပါက Counselling Corner ရဲ့website မှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။ Articles – Articles (counsellingcornermyanmar.com)

မြန်မာနိုင်ငံရဲ့စိတ်ဓာတ်ကျခြင်းအဆင့်များနှင့်ပတ်သတ်၍ရှေ့ဆောင်သုတေသနပြုခြင်း


Counselling Corner ဟာ PATHနှင့်အတူလက်တွဲပြီး မြန်မာနိုင်ငံရဲ့ စိတ်ဓာတ်ကျခြင်းအခြေအနေများကို နိုင်ငံတကာ အသိအမှတ်ပြု PHQ-9 နည်းလမ်းကို မြန်မာဘာသာဖြင့် အသုံးပြုကာ ရှေ့ဆောင် သုသေတနပြုမှုကို ဂုဏ်ယူစွာ ဦးဆောင်ခဲ့ပါသည်။ မိမိကိုယ်ကို အကဲဖြတ်ပြီး ဖြေဆိုသူများအနက်မှ လေးပုံတစ်ပုံဟာ အလယ်အလတ်ကနေ ဆိုးရွာတဲ့အဆင့်ထိစိတ်ဓာတ်ကျခြင်းများရှိနေသည်ကိုတွေ့ရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အသက်အရွယ်၄၁နှစ်အောက်လူပုဂ္ဂိုလ်တွေဟာ ပိုမိုခံစားရပြီး လိင်အမျိုးအစားမရွေး၊ပညာအရည်အချင်းမရွေး လူတန်းစားပေါင်းစုံဟာ ကူညီထောက်ပံ့မှုတွေလိုအပ်လျက်ရှိပါတယ်။ ဒါပေမယ့် အားကစားလုပ်သူတွေ၊ စေတနာ့ဝန်ထမ်းလုပ်ကိုင်သူတွေနဲ့ တရားထိုင်သူတွေမှာ များသောအားဖြင့်ပိုပျော်ရွှင်ကြတာကို သတင်းကောင်းအနေနဲ့တွေ့ရပါတယ်။ ဒီအကြောင်းကို ပိုမိုသိချင်ရင် အောက်ပါwebpage မှာဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ Myanmar’s mental health crisis needs an inclusive fix | Frontier Myanmar

အခမဲ့ video အချက်အလက်စုဆောင်းမှုများ

စိတ်ကျန်းမာရေးနှင့်ပတ်သတ်တဲ့ ဗဟုသုတများရရှိဖို့နှင့် အသိအမှား၊အယူအဆအမှားတွေလျှော့ချဖို့က အရမ်းအရေးပါပြီး Counselling Cornerကနေပြီးတော့ မိနစ်ပေါင်းများစွာသော အချက်အလက်တွေကို မြန်မာဘာသာဖြင့် မျှဝေထားပါသည်။ Covid ကပ်ရောဂါစတင်ချိန်မှစ၍၊ စိတ်ကျန်းမာရေးနဲ့ပတ်သတ်သောမျိုးစုံသောခေါင်းစဉ်များကို ကျွန်ုပ်တို့ရဲ့ Counsellorများက အပတ်စဉ်ဆွေးနွေးပေးခြင်း၊ မေးခွန်းများကို ဖြေဆိုခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။

ခန္ဓာကိုယ်ကဘာပြောလဲ၊သေကြောင်းကြံစည်ခြင်း အတွေးများ၊မိမိအတွင်းသူငယ်ထိခိုက်နာကျင်မှု၊PTSDအကြောင်းနားလည်ခြင်း၊ကြောက်ရွံ့ခြင်းနှင့်စိုးရိမ်ခြင်း၊Polyvagalသီအိုရီ၊သေကြောင်းကြံစည်မှုအတွေးတွေကို ဖြစ်စေနိုင်တဲ့ အခြေအနေနှင့် အကြောင်းတရားများ အပြင် အခြားခေါင်းစဉ်များအကြောင်းကို ဝမျှထားပါသည်။

ခေါင်းစဉ်တိုင်းကို မြန်မာဘာသာဖြင့် သေချာရှင်းပြထားပြီး video အဆုံးတွင်လည်း အမေးအဖြေကဏ္ဍများပါဝင်ပါသည်။

ဒါ့ကြောင့် မိမိလုပ်ဖော်ကိုင်ဖက်များ၊သူငယ်ချင်း၊မိသားစုနှင့် ပတ်ဝန်းကျင်ကို လွတ်လပ်စွာဝေမျှနိုင်ပြီး ခေါင်းစဉ်များနှင့်ပတ်သတ်၍အချင်းချင်းဆွေးနွေးဖို့လည်းအသုံးပြုနိုင်ပါသည်။

Counselling Cornerရဲ့ YouTube စာမျက်နှာကိုလည်း စာရင်းသွင်းထားဖို့ မမေ့ကြနဲ့နော်။ https://www.youtube.com/@CounsellingCorner/videos

“သဘာဝနှင့်စကားပြောခြင်း”-Kokkoya Organics မှာဥယျာဉ်စိုက်ပျိုးခြင်းဖြင့်ခံစားချက်များဖော်ထုတ်ခြင်း

Counselling Corner ကနေကြီးမှူးပြီး ရန်ကုန်မြို့မှာ အရမ်းထူးခြားတဲ့ အဖွဲ့လိုက်ကုထုံးလေးတစ်ခု စီစဉ်ထားပါတယ်။

ဒါ့ကြောင့် ကျွမ်းကျင်တဲ့ Counsellor တွေ၊ Kokkoya Organicsမှ ဥယျာဉ်စိုက်ပျိုးခြင်း ကျွမ်းကျင်သူတွေရဲ့ လမ်းညွှန်မှုနဲ့အတူ အဖွဲ့ လိုက်ကုထုံးဖြစ်တဲ့ “ဥယျာဉ်စိုက်ပျိုးခြင်းဖြင့် ခံစားချက်များဖော်ထုတ်ခြင်း အလုပ်ရုံ”လေးမှာ ပါဝင်ကြဖို့ဖိတ်ခေါ်ချင်ပါတယ်။ ခြောက်ပတ်ဆိုတဲ့ကာလအတွင်းမှာ မိမိတို့ရဲ့သစ်ပင်လေးဘယ်လိုကြီးပြင်းလာသလဲဆိုတာကို စောင့်ကြည့်ပြီး ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာတွေ ပိုမိုသန်မာလာဖို့ ကိုယ့်ရဲ့စိတ်တွေဟာ စိတ်ဖီးစီးမှုတွေကိုရင်ဆိုင်နိုင်ဖို့ကောင်းမွန်တဲ့ နည်းလမ်းသစ်တွေ ဖွံဖြိုးလာတာကို တွေ့ရမှာပါ။

အသေးစိတ်အချက်အလက်

အစီအစဉ် နာမည်-Gardening Emotional Workshop

စတင်မည့် နေ့ရက်-21 Jan 2023
ပြီးဆုံးမည့် နေ့ရက်-25 Feb 2023
အချိန်-စနေနေ့ (နေ့လည်-၃နာရီ မှ ၅နာရီ)
တည်နေရာKokkoya Organics
စျေးနှုန်း-ခြောက်ချိန်စာအတွက် တစ်ဦးလျှင် ၃၀၀၀၀၀ ကျပ်

စာရင်းပေးရမည့်Link- https://forms.gle/nykbsVgjVoWYvWmx7

ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး ကျွန်ုပ်တို့အနေနဲ့လည်း နိုင်ငံအနှံ့အပြားမှာ ဒီလို ဥယျာဉ်စိုက်ပျိုးခြင်းအလုပ်ရုံတွေ ပြုလုပ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

Counselling Corner မှအစီအစဉ်များ

Counselling Corner ရဲ့ဦးတည်ချက်သည် နိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ စိတ်ကျန်းမာရေးအခြေအနေတွေ တိုးတက်စေနိုင်ဖို့ဖြစ်ပါတယ်။ စိတ်ကျန်းမာရေးဝန်ဆောင်မှုတွေဟာလူတိုင်းမှာရနိုင်ဖို့ကျွန်ုပ်တို့အနေနဲ့ကြိုးစားနေသောကြောင့် ဝန်ဆောင်မှုတွေကိုလည်း အခကြေးငွေအတွက်လိုအပ်ပါက ညှိနှိင်းနိုင်ပြီး အခြားအခမဲ့အစီအစဉ်များကိုလည်း ပြုလုပ်ပေးနေပါတယ်။

အောက်ပါအစီအစဉ်တွေကတော့ Counselling Corner ကနေ အပတ်စဉ်အခမဲ့လုပ်ဆောင်ပေးနေတဲ့ အစီအစဉ်တွေနဲ့ အခြားအစီအစဉ်များပဲဖြစ်ပါတယ်။

အင်္ဂါနေ့ ၇နာရီတိုင်းမှာ Facebookမှာတိုက်ရိုက်ထုတ်လွှင့်မျှဝေခြင်း အစီအစဉ်
ဗုဒ္ဓဟူး၆နာရီမှ၈နာရီတိုင်းမှာ အင်္ဂါနေ့ခေါင်းစဉ်နှင့်ပတ်သတ်၍ online မှအလုပ်ရုံဆွေးနွေးပွဲအစီအစဉ်
စနေနေ့၆နာရီမှ၈နာရီတိုင်းမှာ Onlineမှစိတ်ခံစားချက်များကောင်းမွန်ကျန်းမာစေရေး အလုပ်ရုံဆွေးနွေးပွဲ
အားလပ်နေ့များမှာ လူကိုင်တိုင်ပါဝင်ရမည့် ရွှံစေးWorkshop၊အနုပညာworkshop၊စိတ်ခံစားချက်ပိုင်းဆိုင်ရာworkshopများ(လူတစ်ဦးလျှင် တစ်သောင်းကျပ်)
သင်တန်းများ အခြေခံCounselling ကျွမ်းကျင်မှုသင်တန်း( Online)

အခြေခံCounselling ကျွမ်းကျင်မှုသင်တန်း

အခြေခံCounselling ကျွမ်းကျင်မှုသင်တန်း-သင်တန်းအသစ်ကို တနင်္လာနေ့ ၆ရက် ဖေဖော်ဝါရီ ၂၀၂၃တွင်စတင်မည်

သင်တန်းတက်ရောက်ခဲ့သူများက “တက်ခဲ့သမျှထဲမှာ အကောင်းဆုံးတစ်ခု” ဟုမှတ်ချက်ပေးခဲ့ပြီး Counsellor တစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကျောင်းပြုလိုသူတွေအတွက် ခြေလှမ်းအစတစ်ခုဖြစ်ပါသည်။ ဆယ်ရက်တာ သင်တန်းကာလအတွင်းမှာ Counselling ရဲ့အခြေခံများ၊နယ်နိမိတ်တွေ ဘယ်လိုသတ်မှတ်မလဲ၊ ကိုယ်ချင်းစာစိတ်နဲ့ဘယ်လိုနားထောင်ကြမလဲအပြင် အခြားအကြောင်းအရာများစွာကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။

စွမ်းရည်အသစ်တွေ၊ဗဟုသုတ၊အတွေ့အကြုံတွေကို လက်တွေ့သင်ကြားရမှာဖြစ်ပြီး အိမ်စာတွေလည်းပါဝင်ပါတယ်။ ပြီးမြောက်အောင်ပါဝင်တက်ရောက်မှ အသိအမှတ်ပြုလက်မှတ်ကိုရရှိမှာဖြစ်ပါတယ်။

သင်တန်းသား အယောက်၂၀အထိပါဝင်နိုင်တဲ့ သီးခြားအုပ်စုတွေကို online ကနေသော်လည်းကောင်း လူကိုယ်တိုင်ပါဝင်၍လည်းကောင်း သင်တန်းများကို နိုင်ငံအနှံ့ဖွင့်နိုင်အောင် ကြိုးစားလျက်ရှိပါသည်။

သင်တန်းတက်ရောက်လိုပါက အသေးစိတ်အချက်များကို Facebook စာမျက်နှာနှင့် Counselling Corner website မှာဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ Counselling Skill Training – Counselling Skill Training (counsellingcornermyanmar.com)

CounsellingCornerနှင့်ပတ်သတ်၍မေးခွန်းများ၊အကြံပြုချက်များ၊ဝန်ဆောင်မှုများနှင့်ပတ်သတ်၍ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့ Social Media များကို like/share နှင့်ဆက်သွယ်လိုရပါသည်။ ကျွန်ုပ်တို့အနေနဲ့ ပြည်သူတွေရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာကောင်းမွန်ပြည့်စုံဖို့ ပိုမိုပြောဆိုရလွယ်ကူအောင်ကြိုးစားနေပြီး ကိုယ့်ရဲ့အသင်းအဖွဲနှင့် အလုပ်မှာ စိတ်ကျန်းမာရေးနှင့်ပတ်သတ်၍ ပိုမိုပွင့်လင်းစွာဆွေးနွေးနိုင်ဖို့ မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အဖွဲအစည်းတွေရဲ့ အကူအညီများလိုအပ်ပါသည်။

အလုပ်နှင့်ပတ်သတ်၍ ဆက်သွယ်လိုပါက
Email-talk-to-us@counsellingcornermyanmar.com
ဖုန်းနံပါတ်-09 785 074 173, 09 784 509 916

Leave a Reply

Discover more from

Subscribe now to keep reading and get access to the full archive.

Continue reading