Counselling Corner Newsletter – June 2022

သင်တို့ရဲ့မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း နှင့် လုပ်ဖော်ကိုင်ဖက်များရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထောက်ပံ့ ပေးနိုင်မယ့် ဗဟုသုတ နှင့် ဝန်ဆောင်မှုများကို ကျွန်တော်တို့ Counselling Corner ရဲ့ သတင်းစာဖတ်ရင်းဖြင့် အတော်အသင့်  အထောက်အကူ ဖြစ်မယ်လို့မျှော်လင့်ပါတယ်။ ရုံးချိန်ကတော့ ပုံမှန် တနင်္လာ ကနေ စနေနေ့ အထိဆိုပေမယ့် ဒီလိုပဋိပက္ခတွေ များနေတဲ့ကာလမှာဆိုရင်ဖြင့် လိုအပ်ရင် လိုအပ်သလို တနင်္ဂနွေနေ့တွေမှာလဲ Counselling ဝန်ဆောင်မှုတွေ ရယူနိုင်ပါတယ်ဗျာ။ ကျွန်တော်တို့ ဝန်ဆောင်မှုကို Online Zoom မှတစ်ဆင့် (သို့) လူတွေ့ဝန်ဆောင်မှု ဖြစ်စေ ရယူနိုင်မှာဖြစ်ပါတယ်။ လူတွေ့ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ရုံးလိပ်စာဖြစ်တဲ့  အမှတ် (၅/၉)၊ ဘိုကလေးဈေးလမ်း၊ ပထမထပ်မှာ လာရောက် စာရင်းပေးသွင်း၊ ဝန်ဆောင်မှုတွေရယူလို့ရပါတယ်ခင်ဗျာ။   

 

Tuesday Talk- a small conversation can make a huge difference

 

ဒီလ ဇူလိုင်လအတွက် အလှည့်ကျတဲ့ ခေါင်းစီးကတော့ Mental Health Continuum ဖြစ်ပါတယ်။ Mental Health Continuum ဆိုတာဘာလဲ၊ စိတ်ပိုင်းဆိုင်ရာကျန်းမာသန်စွမ်းမှုနဲ့ ဘယ်လိုတွေ ဆက်စပ်နေလဲ စသဖြင့် စိတ်ဝင်စား စရာခေါင်းစဉ်ခွဲအမျိုးမျိုးကို ဒီလရဲ့ အပါတ်စဉ် အင်္ဂါနေ့ညနေ (၇) နာရီတိုင်းမှာ Facebook Live ကနေတစ်ဆင့် တင်ဆက်သွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပါတ် အင်္ဂါနေ့မှာတော့ Junior Counsellor : Nora မှ Illness-wellness continuum အကြောင်းကို ပြောပြခဲ့ပါတယ်။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် Mental Health Continuum မှာ illness paradigm and wellness paradigm ဆိုပြီး အစွန်းနှစ်ဖက်ရှိပါတယ်။ wellness paradigm အနေအထားမှာ ရောက်ရှိနေတဲ့ သူတစ်ဦးအနေနဲ့ illness paradigm အဆင့်ကို အချိန်မရွေး ပြောင်းလဲသွားနိုင်သလို illness paradigm ကိုတွေ့ကြုံခံစားနေရသူတစ်ဦးကိုလည်း wellness paradigm ဖြစ်အောင် ကူညီပံ့ပိုးလို့ရပါတယ် Mental Health Continuum မှာ(1) healthy, (2) reacting, (3) injured and (4) illness ဆိုပြီး အဆင့် (၄) ဆင့်ပါဝင်ပါတယ်။ illness-wellness continuum အကြောင်း အသေးစိတ် သိရှိလေ့လာလိုပါက ဒီ live မှ တစ်ဆင့် ကြည့်ရှုနိုင်ပါတယ်။ https://www.facebook.com/counsellingcornermyanmar/videos/2982536055371310/

Mind Body Reset Challenge 2022 Reward Winners

Counselling Corner နှင့် Andy The Trainer တို့ ပူးပေါင်းတင်ဆက်တဲ့ (၄) ပတ်ကြာ Mind Body Reset Challenge 2022 ရဲ့ အနိုင်ရရှိသူတွေ ထွက်ပေါ်လာပါပြီ။ ပြီးခဲ့တဲ့ ဇူလိုင်လ (၉) ရက်နေ့မှာ သက်ဆိုင်ရာ Facebook Pages များမှ ကြေညာပေးခဲ့တာဖြစ်ပြီး (၁) နေ့စဉ်မပျက်မကွက်ပါဝင်ယှဉ်ပြိုင်မှု (၂) #mindbodyresetchallenge2022 hashtag အား မှန်ကန်စွာ အသုံးပြုခြင်း (၃) သက်ဆိုင်ရာ challenge post အောက်တွင် comment ပေးခြင်း နှင့် (၄) digital spinning wheel ၏ ရလာဒ် စသည့် အချက်အများပေါ်တွင် အခြေခံ ရွေးချယ်ခဲ့ပါသည်။ ဤအစီအစဉ်အား အစအဆုံး ပံ့ပိုးခဲ့သည့် Andy the Trainer ၊ MNTV channel ၊ Pan Pacific ၊ Anawrahta Cruise ၊ ပါဝင်ယှဉ်ပြိုင်သူများ နှင့် ကြည့်ရှုအားပေးသူ တစ်ယောက်ချင်းစီကို အလေးအနက် ကျေးဇူးတင်ပါသည်။ မြန်မာနိုင်ငံသူ/သားများအားလုံး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ကော်ပိုရိတ်အဖွဲ့အစည်းများအနေဖြင့် Andy the Trainer နှင့် Counselling Corner တို့၏ challenge များကို စိတ်ဝင်စား၍ ပြုလုပ်လိုပါက ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

Basic Counselling Skills Training

Self-Exploration နှင့် Self-Discovery အကြောင်းကို ထဲထဲဝင်ဝင် သိရှိခံစားလိုပါသလား။ တစ်ခါတစ်လေမှာ ကို့ကိုယ်ကို သေသေချာချာ မသိတာ၊ ပျောက်ဆုံးနေသလို ခံစားနေရတာမျိုး ဖြစ်တတ်ပြီး ကိုယ့်ရဲ့ personality ၊ ကိုယ်တန်ဖိုးထားရတဲ့ အချက်တွေ နဲ့ ယုံကြည်မှုတွေကို ထဲထဲဝင်ဝင် မသိသေးတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီလိုမျိုး အားနည်းချက်တွေဖြစ်လာပြီဆိုရင် အကျိုးဆက်အနေနဲ့ self-awareness ကျဆင်းလာပြီး နေ့စဉ်ဘဝမှာ ဖြေရှင်း မရတဲ့ ပြဿနာတွေကို ဆက်တိုက်ကြုံရနိုင်ပါတယ်။ counselling ရဲ့ အခြေခံအကျဆုံး အချက်အလက်တွေ ကို စာတွေ့ လက်တွေ့သင်ကြားပေးမှာဖြစ်ပြီး  ‘မိမိကိုယ်ကို သိရှိခြင်း’ မှ တစ်ဆင့် လုံခြုံစိတ်ချရပြီး ဝေဖန်အပြစ်တင်သံ တွေ ကင်းတဲ့ ပတ်ဝန်းကျင် ကောင်းတစ်ခုကိုပါ ကြုံတွေ့ရမှာဖြစ်ပါတယ်။ စိတ်ဝင်စားပြီး လေ့လာသင်ယူလိုပါက https://forms.gle/W4FMhwsCxm6osJvB9 မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။

 

Clay Workshop for All

ရွံ့စေးနဲ့ ဆော့ကစားပေးခြင်းက ဦးနှောက်နဲ့ အာရုံကြော ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ သိပါ သလား။ Cousnelling Corner မှ လစဉ် ကျင်းပပေးလျက်ရှိတဲ့ clay workshop ရဲ့ အဓိက အကျိုးကျေးဇူးကတော့ စိတ်ခံစားချက်တွေကို စကားလုံးတွေနဲ့ ပြောနေဖို့ မလိုပဲ ရွံ့ရုပ်လေးတွေဆီကတစ်ဆင့် ဖွင့်ထုတ်သွားနိုင်တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ (၂) ရက်နေ့ – စနေနေ့ ညနေ (၁) နာရီမှာ Kokkoya Organic Farm မှာ ကျင်းပ ပြီးစီးခဲ့တဲ့ Clay Workshop For All ရဲ့ အမှတ်တရဓါတ်ပုံတွေကို အခုလိုမျိုး မျှဝေလိုက်ပါတယ်။

https://www.facebook.com/1168219853329490/posts/pfbid0TC6JcDY1T1JSGKJC2T7NULAX2Fc5Qr4brLbJWwUhADxv4Ye53Q5WsyUs7KGqHK6dl/

သင့်အနေနဲ့ မိသားစုဝင်တွေအတွက်ပဲဖြစ်ဖြစ်၊ သူငယ်ချင်း၊ မိတ်ဆွေ နှင့် လုပ်ဖော်ကိုင်ဖက်တွေပဲ ဖြစ်ဖြစ် အခုလိုမျိုး clay workshop တွေကို စီစဉ်ချင်တယ်ဆိုရင် အမြန်ဆုံးဆက်သွယ်လိုက်ပါ။

 

Share / Like လုပ်ခြင်းအားဖြင့် အားပေးနိုင်သလို ကျွန်တော်တို့ရဲ့ အထက်ပါအကြောင်းအရာများ၊ ဝန်ဆောင်မှုများ နဲ့ ပတ်သက်ပြီး သင်သိလိုသည်၊ အကြံပေးလိုသည်များရှိပါက စုံစမ်းဆက်သွယ်မေးမြန်း နိုင်ပါတယ်ခင်ဗျာ။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအကြောင်းနဲ့ပတ်သက်ပြီး လူတွေပြောရတာပိုမို လွယ်ကူ စေချင်သည့်အနေဖြင့် မြန်မာနိုင်ငံတွင်းရှိ အဖွဲ့အစည်းများ အားလုံးကိုလဲ မိမိတို့ရဲ့အဖွဲ့အစည်း အတွင်း စိတ်ကျန်းမာရေး အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်ဖို့၊ ပိုမိုတိုးတက်လာစေဖို့အတွက် သင်တို့ရဲ့ ကူအညီများလိုအပ်ပါတယ်ဗျာ။

 

For enquirers please contact us:

Email : info@counsellingcornermyanmar.com / talk-to-us@counsellingcornermyanmar.com

Phone: 09 785 074 173, 09 784 509 916

 

Posted in သတင်းစာ.

Leave a Reply