“Covid 19” ကာလမှာ အားလပ်ရက်ရာသီအတွင်း စိတ်ဖိစီးမှု နှင့် စိတ်ဓာတ်ကျခြင်းကို ကိုင်တွယ်ဖြေရှင်းနည်းများ

စိတ်ဖိစီးမှု (Anxiety)နှင့် စိတ်ဓာတ်ကျခြင်း (Depression)သည် သင်၏အားလပ်ရက်များ (Holidays)ကို ပျက်စီးစေပြီး သင်၏ စိတ်ကျန်းမာရေးကို ထိခိုက်စေသည်။ လက်တွေ့ကျကျစဉ်းစားခြင်း ကြိုတင်စီစဉ်ခြင်းနှင့် အခြားသူများထံမှ အကူအညီရယူခြင်းသည် စိတ်ဖိစီးမှုနှင့် စိတ်ဓတ်ကျဆင်းမှုကို လျော့နည်းသွားစေနိုင်ပါသည်။ သင်အောက်ပါ လက်တွေ့ကျကျ  အကြံပြုချက်များကို ကြည့်ပါ။ အားလပ်ရက်များတွင် သင်ထင်သည်ထက် ပိုပြီး ပျော်ရွှင်စွာနေနိုင်ပါ

လိမ့်မည်။

 

၁။ င့်ခံစားချက်များ (feelings)ကို နားလည်လက်ခံရန် ကြိုးစားပါ။ဤနှစ်ဤအချိန်ကာလအတွင်း သင်ချစ်ရသော မိသားစုများနှင့် တွေ့ခွင့်မရနိုင်လို့ ၀မ်းနည်းမှု ခံစားရခြင်းသည် ပုံမှန်ဖြစ်သည်ကို နားလည်ပါ။ သင်၏ခံစားချက်များကို ငိုရန် သို့မဟုတ် ထုတ်ဖော်ပြောဆိုရန် အချိန်ယူပါ။ အားလပ်ရက်ရာသီဖြစ်လို့ ကိုယ့်ကိုယ်ကို ပျော်ရွှင်လို့ မရဘူးလို့ မထင်ပါနဲ့။ ၂။ အခြားသူများထံမှ ထောက်ခံအားပေးမှုများ (Support) ရရန်အတွက် ချဉ်းကပ်ပါ ယခုနှစ်အားလပ်ရက်ရာသီတွင် သင်သည်အထီးကျန်နေသည်ဟု ခံစားရနိုင်သည်။ ထို့ကြောင့် သင့်ပတ်ဝန်းကျင်ရှိ ဘာသာရေး အဖွဲ့အစည်း ၊ လူမှုရေး အဖွဲ့အစည်းများတွင် ပါ၀င်ဆွေးနွေးပါ ။ ၀က်ဘ်ဆိုက်များ(websites)၊ အွန်လိုင်း(online) အထောက်အကူပြုအဖွဲ့များ ၊ ဆိုရှယ်မီဒီယာဆိုဒ်များ(social media) များစွာရှိသောကြောင့် သင်သည်သူတို့နှင့် ရုပ်ပိုင်းဆိုင်ရာ (physically) ဆက်သွယ်မှုပြုလုပ်ရန် မလိုအပ်ပါ။ သူတို့ဆီက ပံ့ပိုးမှုနှင့် အဖော်သစ်များ ရနိုင်သည်။ ထို့အပြင် ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် ဗွီဒီယိုစကားပြောခြင်းဖြင့် သင်စိုးရိမ်ပူပန်မှုများ အကြောင်းကို သူငယ်ချင်း သို့မဟုတ် မိသားစုဝင်တစ် ဦး အားပြောပြရန် ကြိုးစားပါ။ သူတစ်ပါးကိုကူညီခြင်း (Helping others) ကိုယ့်ရဲ့အချိန်ကို စေတနာ့ဝန်ထမ်းအနေဖြင့် လုပ်ဆောင်ခြင်း သို့မဟုတ် တခြားသူတွေအတွက် တစ်ခုခုလုပ်ပေးခြင်းသည် သင်၏စိတ်ဓာတ်ကို မြှင့်တင်ရန် ကောင်းမွန်သောနည်းလမ်းတစ်ခုဖြစ်သည်။ ဥပမာအားဖြင့် အားလပ်ရက်များအတွင်း မိတ်ဆွေတစ်ဦး၏ အိမ်အတွက် အစားအသောက်ပို့ ရန်စဉ်းစားပါ။ သင့်ကို အခြားသူများမှ အသိအမှတ်ပြုခြင်းကိုခံစားရတဲ့ အတွက် သင့်ကိုသင် ပိုပြီးအားရကျေနပ်မှု ရှိလာပါလိမ့်မယ်။လက်တွေ့ကျကျ စဉ်းစားပါ (Think rationally)အားလပ်ရက်များသည် ပြီးခဲ့သည့်နှစ်များကကဲ့သို့ မစုံလင်နိင်ပါဘူး။ တခါတလေရိုးရာဓလေ့ထုံးတမ်းများ(tradition) လည်း မကြာခဏပြောင်းလဲတတ်ကြသည်။ အဲဒီတော့ဒီနှစ်အားလပ်ရက်များအတွက် ဖန်တီးမှု (creativity) နှင့် ပွင့်လင်းစိတ်ဖြစ်ခြင်း(openness) အကြောင်းကို စဉ်းစားပြီး စီစဉ်ပါ။ ဥပမာအားဖြင့် မိတ်ဆွေအပေါင်းသင်းများ သို့မဟုတ် အခြားဆွေမျိုးများက သင်၏အိမ်သို့မလည်ပတ်နိုင်လျှင် ဓာတ်ပုံများကို အီးမေးလ် (email) နှင့်မျှဝေခြင်း သို့မဟုတ် ဗီဒီယိုများ(live video) မျှဝေခြင်း ကဲ့သို့သော အတူတကွကျင်းပရန် နည်းလမ်းသစ်များရှာဖွေပါ။ သင်၏အားလပ်ရက်အစီအစဉ်သည် ယခုနှစ်တွင် ကွဲပြားခြားနားမှုရှိသော်လည်း ပွဲကျင်းပရန်နည်းလမ်းများကို သင်ရှာနိုင်သည်။၅။ ဘတ်ဂျက်(Budget) ှင့် ပတ်သက်၍ အပြုသဘောဖြင့်စဉ်းစားပါ။ အရင်နှစ်က အားလပ်ရက်ရာသီမှာ သင်ငွေဘယ်လောက်သုံးတယ် ဆိုတာစဉ်းစားပါ။ သင်ခရီးသွားနိုင်ခွင့်မရှိသောကြောင့် သင်ငွေကြေးကုန်ကျမှုမရှိပါ။ အဲဒီငွေကို အပြောင်းအလဲအားဖြင့် တစ်စုံတစ်ဦး၏နာမည်ဖြင့် လှူဒါန်းခြင်း၊ အိမ်လုပ်လက်ဆောင်များပေးခြင်း၊ မိသားစုလက်ဆောင်ဖလှယ်ခြင်း နည်းလမ်းများကို လုပ်ဆောင်နိုင်ရန် ကြိုးစားကြည့်ပါ။ သင်လိုအပ်လျှင်ပရော်ဖက်ရှင်နယ် (Professional) ထံအကူအညီတောင်းခံပါ။ သင်၏ အကောင်းဆုံးကြိုးစားအားထုတ်မှုများ ရှိသော်ငြားလည်း သင်သည် ဝမ်းနည်းနေသူ၊ အိပ်စက်ခြင်းနည်းပါးနေသူ၊ စိတ်တိုခြင်းနှင့် မျှော်လင့်ခြင်းမရှိခြင်း ခံစားနေသူ ဖြစ်ပါက စိတ်ကျန်းမာရေးပညာရှင်နှင့် ပြောဆိုဆွေးနေပါ။အားလပ်ရက်တွေမှာ လွန်ခဲ့တဲ့နှစ်တွေနဲ့မတူတဲ့အတွက်ကြောင့် ကြောက်စရာမလိုပါဘူး။  အဲဒီအစား အားလပ်ရက်များအတွင် စိတ်ဖိစီးမှုနှင့် စိတ်ဓာတ်ကျမှုကို လျှော့ချနိုင်ရန် အထက်ပါ အကြံပေးချက်များကို အဆင့်ဆင့်လုပ်ဆောင်ပါ။ လုပ်ဆောင်ခြင်းအားြင့် အားလပ်ရက်များအတွင်းငြိမ်းချမ်းမှုပျော်ရွှင်မှုကိုသင်ရရှိနိုင်သည်။

Leave a Reply

Discover more from

Subscribe now to keep reading and get access to the full archive.

Continue reading