
သင့်ရဲ့ကုထုံးပညာရှင်
အောင်မင်းသိန်း
အောင်မင်းသိန်းသည် Australian Counselling Association မှ လိုင်စင်ရ စိတ်ကုထုံးပညာရှင် တစ်ယောက် ဖြစ်ကာ စိတ်ကုထုံးနှင့်ဆွေးနွေးခြင်း ဘွဲ့လွန်ပညာရပ်ကို သြစတြေးလျနိုင်ငံ Western Sydney တက္ကသိုလ်တွင် တက်ရောက်အောင်မြင်ခဲ့သူပါ။ မြန်မာနိုင်ငံနှင့်သြစတြေးလျနိုင်ငံရှိ အစိုးရအဖွဲ့အစည်းမဟုတ်သော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ရွာအခြေစိုက်စိတ်ကျန်းမာ ရေးဆိုင်ရာ ဆေးကုခန်းများတွင်လည်း လုပ်ဆောင်ခဲ့ပါတယ်။ သူသည် နိုင်ငံရပ်ခြားတွင်ပထမဆုံးသွား ရောက် ပညာသင်ယူတက်မြောက်ခဲ့သော မြန်မာနိုင်ငံရှိကုထုံးပညာရှင်များထဲမှ တစ်ယောက်ဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းကိုနားလည်သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူသည် တစ်ဦးချင်း(Individual Therapy)၊ စုံတွဲ/အိမ်ထောင်ဖက် (Couple Therapy)၊ မိသားစု (Family Therapy)နှင့် အဖွဲ့လိုက်(Group Therapy) ကုထုံးများကိုအသုံးပြုကာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ကူညီအထောက်အပံ့ပေးသော Counselling Corner ကို စတင်တည်ထောင် ခဲ့ပါတယ်။ သူအဓိကသီးသန့်ထားကူညီနေတဲ့ အပိုင်းတွေကတော့ ပူပင်သောကများသောသူများ၊ စိတ်ဓာတ်ကျနေသောကုသမှုခံယူသူများ၊ လူမှုဆက်ဆံရေးအဆင်မပြေသူများဖြစ်ပြီး အပြောင်းအလဲများကိုမဖြတ်ကျော်နိုင်သောကြောင့် ကုသမှုခံယူလိုသူများ၊ ကိုယ်ပိုင်ဖြစ်တည်မှုမပြတ်သားဘဲ ပြဿနာရှိသူများ၊ လူမှုဆက်ဆံရေးပြဿနာ ရှိသူများ၊ ၊ လိင်စိတ်ခံယူမှု စသည့် အကြောင်းအရာများကို ကောင်းမွန်စွာ ညွှန်ပြဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ အောင်မင်းသိန်းသည် ကုထုံးပညာ အသုံးချရာတွင် ကုသခံသူများ၏ လက်ရှိဖြစ်နေသော ဘဝအခက်အခဲများကို အာရုံစူးစိုက်ပြီး လုံခြုံမှုရှိသောနေရာတွင် ဖြေရှင်းပေးပါတယ်။ သူသည် ပညာရှင် နှင့် ကုသမှုခံယူသူတို့ရဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဟာ ပိုမိုကောင်းမွန်တဲ့ရလဒ်ကောင်းတွေ ရရှိနိုင်မယ်လို့ ယုံကြည်ပြီး ပညာရှင် နှင့်တွေ့ဆုံပြီးပါက ကုသမှုခံယူသူမှာ ကိုယ့်ကိုကိုယ် အသိသတိမူနိုင်ပြီး ကိုယ်ပိုင်လွှတ်လပ်မှု ကိုရရှိမည်ဟုယုံကြည်ပါသည်။ ထိုမှတစ်ဆင့် နှစ်ယောက်လုံးပစ္စုပ္ပန်ကာလကို အာရုံ စိုက်နိုင်ပြီး ကောင်းမွန်သောရလဒ်များ တွေ့ရှိနိုင်မည်ဟုယုံကြည်ပါသည်။ အောင်မင်းသိန်းသည် ကုသခံသူများ ရဲ့ အတွင်းစိတ်ပဋိပက္ခ ပိုမိုနားလည်အောင် ကြည့်သည့် Psychodynamic ရှုထောင့်နဲ့ လုပ်ဆောင်ပါတယ်။ ထိုရှုထောင့်မှ ကြည့်ခြင်းဖြင့်ကုသမှုခံယူသူတို့ရဲ့ ပူပင်သောကများ၊ စိတ်ဓာတ်ကျဆင်းမှုများ၊ မဆုံးဖြတ်နိုင်ခြင်းများ၏ အတွင်းဘက် ကို ပိုမိုသိမြင်လာသည့်နည်းလမ်း ဖြစ်သည်။ သူသည် လူတစ်ဉီးရဲ့ စိတ်ခံစားမှူခရီးကို သိရှိခြင်းကနောင်ဖြစ်လာမဲ့ဘ၀ပြဿနာတွေဖြေရှင်းရာမှာပိုမိုအဆင်ပြေလာမယ်လို့ယုံကြည်ပါသည်။ ဦးအောင်မင်းသိန်းသည် လူသားဆန်သော ၊ကုသခံယူသူကိုအဓိကထားသော (Person Centred Therapy) ကုထုံးကို စိတ်ပညာဆိုင်ရာချဉ်းကပ်နည်းကိုအသုံးပြုပါသည်။ သူသည်အဖြေရှာခြင်းကိုအဓိကထားသော (Solution Focused Therapy) ပုံစံငယ်နှင့် သိမှုနှင့်ဆိုင်သော အပြုအမူ (Cognitive Behaviour Therapy) ကုထုံး တို့တွင်လည်း အတွေ့အကြုံများရှိပါသည်။About
Psychotherapist & Founder Therapist at Counselling Corner
B.A Psychology M.Sc Master of Psychotherapy and Counselling
Contact
097 8450 9916
info@counsellingcornermyanmar.com
https://www.theaca.net.au/counsellor/aung-min-thein