မဆုraw

သင့်ရဲ့ကုထုံးပညာရှင်

မဆု

Yangon University of Medical Technology မှ BSc ဘွဲ့ ရရှိထားတဲ့ ဆရာမ ဆု ဟာ Counseling Corner မှပေးသော Basic and Advanced Counselling Courses များကို theory ပိုင်းမှာသာမက practical ပိုင်းမှာပါ ပိုင်နိုင်ကျွမ်းကျင်စွာ အောင်မြင် ထားသူ တစ်ယောက်လည်းဖြစ်ပါတယ်။  Counselling Corner မှ Psychotherapist & Founder ဦးအောင်မင်းသိန်း၏ ကြီးကြပ်မှုအောက်တွင် Counsellor အနေနဲ့လည်းလက်ရှိလုပ်ကိုင် နေသူဖြစ်ပါတယ်။
 
သူမအဓိကထား ကူညီပေးနေသူတွေကတော့ မိသားစုရေးအဆင်မပြေသူများ၊ အိမ်တွင်းအကြမ်းဖက်မှု (Domestic Violence) များနဲ့ ကြုံတွေ့နေရသူများ၊ Relationship တွင် ပြဿနာရှိသူများ၊ ပူပင်သောကများသောသူများ နှင့် လူမှုဆက်ဆံရေးအဆင်မပြေသူများ ဖြစ်ပါတယ်။ သူမဟာ တစ်ဉီးချင်းကုထုံးများကိုအသုံးပြုကာ နေရာဒေသ အစုံမှ မတူကွဲပြားခြားနားတဲ့ ပြဿနာရှိသူတွေနဲ့အတူ ကူညီအဖြေရှာရတာကို ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်။
 
မဆု ဟာ သူမဘဝရဲ့ ခက်ခဲဖိစီးသော အခြေအနေများမှာ counsellor နှင့်တွေ့ဆုံခဲ့ရာမှ စိတ်ဓါတ်ခွန်အားများရခဲ့ကာ ကိုယ်တိုင် counsellor ကောင်းတစ်ယောက်ဖြစ်ရန် ကြိုးစားခဲ့သူဖြစ်ပါတယ်။ သူမရဲ့ ကိုယ်တွေ့အတွေ့အကြုံများကြောင့် client များ ရင်ဖွင့်တိုင်ပင်ချက်များအပေါ် စာနာစွာနားထောင်နိုင်ပြီး client များရဲ့ ယုံကြည်မှုကိုလည်း ရယူနိုင်ခဲ့သူပါ။
 
အပြစ်တင်ဝေဖန်ခြင်းတွေဟာ ကူညီအဖြေရှာခြင်းနဲ့ မသက်ဆိုင်ဘူးလို့ ခံယူထားတဲ့ မဆု ဟာ ဝေဖန်မှုမပါဘဲ စာနာတဲ့ဆက်ဆံရေးနဲ့ client တွေကို ပွင့်လင်းခင်မင်စွာဖြင့် counselling session ကို စ တင်ပါတယ်။ Counsellor ဆိုတာ client တွေ ရဲ့ရင်ဖွင့်စကားသံတွေကို စာနာစိတ်နဲ့ လေးနက်စွာ နားထောင်ရင်း client တွေကို အကောင်းဆုံးကူညီနိုင်သူလို့ ယုံကြည်ထားသူလည်း ဖြစ်ပါတယ်။ ဘာသာစကား ၂ မျိုး (English & Myanmar) ဖြင့် ကျွမ်းကျင်စွာ counselling လုပ်နိုင်တဲ့ မဆု ဟာ ကောင်းသောအပြောင်းအလဲများ ကိုပြုလုပ်နိုင်စွမ်းရှိသူမှာ ကာယကံရှင်များသာဖြစ်ပြီး counsellor များမှာ အပြောင်းအလဲများ လွယ်ကူချောမွေ့စေရန် ပံ့ပိုးပေးသူများသာ ဖြစ်တယ်လို့လည်း ယုံကြည်ထားသူပါ။
 
မဆု နဲ့ Counselling Session ယူမယ်ဆိုရင် Counselling Corner Facebook Page (သို့ ) ဖုန်းမှ တဆင့် Booking ယူလို့ရပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။