
သင့်ရဲ့ကုထုံးပညာရှင်
ဒေါက်တာစိုင်းပြေမျိုးကျော်
ဒေါက်တာစိုင်းပြေမျိုးကျော်ဟာ ရန်ကုန်ဆေးတက္ကသိုလ်(၁)မှ ပေးအပ်ချီးမြှင့်တဲ့ ဆရာဝန်ဘွဲ့အပြင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မဟီဒေါတက္ကသိုလ်မှ ပေးအပ်သော ပြည်သူ့ကျန်းမာရေး မဟာဘွဲ့များကို ရရှိထားသော ဆရာဝန်တစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် Counseling Corner မှ Basic and Advanced Counselling Courses များကို theory ပိုင်းမှာရော practical ပိုင်းမှာပါ ကျွမ်းကျင်ပိုင်နိုင်စွာ အောင်မြင်ပြီးမြောက်ထားသူ တစ်ဦးဖြစ်ပါတယ်။
ဒေါက်တာ စိုင်း ဟာ ဆရာဝန်တစ်ဦးဖြစ်ပြီး ပြည်သူ့ကျန်းမာရေးပညာရှင်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့သူမို့ ခန္ဓာကိုယ်နှင့် စိတ်အကြား ဟန်ချက်ညီမှု့ရဲ့ အရေးပါပုံကို ကောင်းမွန်စွာ နားလည်သဘောပေါက်သူပါ။
သူဟာ မြန်မာနိုင်ငံတွင်သာမက အခြားအာရှနိုင်ငံ (၁၀) နိုင်ငံအတွင်းရှိ LGBTIQ+ တို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအပိုင်းမှာ လည်း နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။
သူကိုယ်တိုင်က LGBTIQ+ မိသားစုဝင်တစ်ယောက်ဖြစ်တဲ့အတွက် မြန်မာပြည်ရှိ LGBTIQ+ တွေရဲ့ အခြေအနေအရပ်ရပ် ၊ လူနေမှု့ဓလေ့ ထုံးတမ်းစဉ်လာများကို ကျေကျေညက်ညက် နားလည်ကာ LGBTIQ+ နှစ်သိမ့်ဆွေးနွေးပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။
မြန်မာ၊ ထိုင်း၊ အဂ်လိပ်၊ ပြင်သစ် ဘာသာ စကား(၄) မျိုးဖြင့် counselling ကျွမ်းကျင်စွာ ပြုလုပ်နိုင်သော ဒေါက်တာစိုင်းပြေမျိုးကျော်နှင့် Counselling Session ယူချင်သူများ အခု Counselling Corner မှာ Booking ယူလို့ရပါပြီလို့ သတင်းကောင်းပါးချင်ပါတယ်။