

စိုးမြတ်မျိုးရွှေ – Wellbeing Facilitator
Basic & Advanced Counselling Skills Training (Counselling Corner)
Post Graduate Diploma in Counselling Psychology (College of Allied Educators, Singapore) expected
2023
Former Volunteer Counsellor (Nway Oo Healing Space)
MBA (Assumption University of Thailand)
ဖော်ရွေပြီး ပွင့်လင်းတက်ကြွတဲ့ပုံစံနဲ့ စိုးမြတ်ဟာ လူတွေကို အကူအညီပေးဖို့ အမြဲ စိတ်အားထက်သန်နေ တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ မိမိဘဝကို အကောင်းဆုံး နေထိုင်နိုင်ဖို့ မိမိကိုယ်တိုင် ရွေးချယ်မှုတွေ လုပ်လို့ရတယ်လို့ ကိုယ်တိုင်ယုံကြည်တဲ့သူပီပီ၊ လူတွေကိုလည်း စိတ်ခွန်အားပေးဖို့ သူတို့မမြင်သေးတဲ့ သူတို့ရဲ့ အားသာချက်တွေကို မြင်အောင် ကြည့်နိုင်ဖို့ ကူညီရတာ စိတ်အားထက်သန်တဲ့သူဖြစ်ပါတယ်။ ထိထိရောက်ရောက် ပိုပြီးကူညီပေးနိုင်ဖို့နဲ့ နားလည်ပေးနိုင်ဖို့အတွက်လည်း Counselling Corner ရဲ့ advanced counselling training ထိပြီးမြောက် အောင်မြင်အောင် တက်ရောက်ခဲ့တာ ၂၀၂၁ နှစ်ဦးပိုင်းကတည်းက ဖြစ်ပါတယ်။
ကမ္ဘာ့ကပ်ရောဂါ Covid 19 နဲ့ နိုင်ငံရေး မငြိမ်သက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေ ကြုံနေရတဲ့ မြန်မာပြည်သူတွေကို အားဖြည့်ပေးဖို့အတွက် သင်တန်းပြီးတဲ့ အချိန်ကစပြီး စာနာနားလည် နွေးထွေးပြီး အကြံဉာဏ်မပေးနဲ့ နည်းလမ်းကိုကျင့်သုံးကာ Emotional wellbeing workshops တွေကိုဆောင်ရွက်လာခဲ့ပါတယ်။ Nway Oo Healing Space မှာလည်း counsellorတစ်ယောက်အဖြစ် (၆)လကြာ လုပ်အားပေး လုပ်ကိုင်ခဲ့ပါသေးတယ်။
လက်ရှိမှာတော့ မိခင်နိုင်ငံရဲ့ အဝေးမှာ ရောက်နေကြတဲ့ စင်္ကာပူနိုင်ငံက မြန်မာလူထုအတွက် လုံခြုံနွေးထွေးပြီးစိတ်ချလက်ချ ရင်ဖွင့်နိုင်တဲ့ ရပ်ဝန်းလေးတစ်ခု တည်ထောင်ပေးဖို့ကို စိတ်အား ထက်ထက်သန်သန်နဲ့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်။
မိမိ ကိုယ်ကိုယ်ရှာဖွေတွေ့ရှိဖို့နဲ စိတ်ဒဏ်ရာတွေကို ကုစားဖို့အတွက် စိတ်ကုထုံးပညာရဲ့ အကျိုးကျေးဇူးတွေကို ကိုယ်တိုင်ခံယူပြီးနောက်မှာတော့ စိုးမြတ်ဟာ စင်္ကာပူနိုင်ငံရဲ့ အသိအမှတ်ပြု counsellor တစ်ယောက် ဖြစ်လာဖို့အတွက် စင်္ကာပူနိုင်ငံမှာ Diploma in Counselling Psychology ပညာရပ်ကို တက်ရောက် သင်ကြားလျက်ရှိပြီး ၂၀၂၃ သြဂုတ်လမှာ ပြီးမြောက်မှာ ဖြစ်ပါတယ်။
အဲဒီ့မတိုင်ခင်မှာတော့ ဟိုတယ်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး၊ Consultancy အစရှိတဲ့ နယ်ပယ်အမျိုးမျိုးမှာ (၁၀) နှစ်ကျော်ကြာ စင်္ကာပူမှာရော၊ မြန်မာနိုင်ငံမှာပါ အတွေ့အကြုံတွေရှိခဲ့ပြီးသားဖြစ်ပါတယ်။ စိုးမြတ်ဟာ အားလပ်ချိန်တွေမှာ သူငယ်ချင်းတွေနဲ့တွေ့တာ၊ documentary တွေကိုကြည့်တာအပြင် YouTube မှာလည်း မြန်မာဘာသာနဲ့ Positive Affirmations videos တွေကို ဖန်တီးလေ့ရှိတတ်ပါတယ်။

Counselling Corner
Singapore – Myanmar – Thailand