ဂျူလီယာမိုးငယ်စံ

Junior Counsellor

ဂျူလီယာမိုးငယ်စံ

သူမ၏ခံစားချက်များနှင့် အတွေးများကို နားလည်သဘောပေါက်ချင်သော မမိုးငယ်က Counselling ပညာရပ်ကို စတင်စိတ်၀င်တစားလေ့လာခဲ့ပါတယ်။ ငယ်စဥ်ကလေးဘ၀ကစပြီး ဘ၀လမ်းခရီးတလျောက် ခံစားခဲ့ရသော စိတ်ဒဏ်ရာများမှ ရုန်းထလာနိုင်ခဲ့ခြင်းကြောင့် စိတ်ပညာနဲ့ Counselling ပညာကို ပိုမိုယုံကြည်လာသူပါ။

Counselling Corner မှ Counselling Trainings များကို Advanced အဆင့်အထိ တက်ရောက်အောင်မြင်ခဲ့ပြီး စိတ်ကျန်းမာရေး ရှေးဦးသူနာပြုပညာရပ် (Mental Health First Aid), Trauma Care & Support, Mental Health Well Being Trainer Program အစရှိသဖြင့် စိတ်ကျန်းမာရေးနှင့်သက်ဆိုင်သော သင်တန်းများစွာကို သင်ယူခဲ့ပါတယ်။ လက်ရှိ Australia နိုင်ငံတွင် Psychology & Counselling ဆိုင်ရာ ဒီပလိုမာများအတွက် ဆက်လက်လေ့လာလျက်ရှိပါတယ်။
မမိုးငယ်က သူတပါးကို ဖော်ရွေနွေးထွေးစွာ နားထောင်ပေးတတ်သူပါ။ Counselling ရဲ့ အကျိုးကျေးဇူးများကို သူမကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာအခက်အခဲ ကြုံတွေ့နေရသော Clients များကိုလည်း နားလည်စာနာတတ်ပြီး အားတက်သရော ကူညီလေ့ရှိပါတယ်။ လူသားဆန်သော၊ ကုသခံယူသူကိုအဓိကထားသော (Person Centred Therapy)ကုထုံးကို အသုံးပြု၍ တစ်ဦးချင်း (Individual Counselling) ပေးခြင်းအပါအ၀င် Emotional Well Being Workshop များနှင့် Counselling သင်တန်းများအတွက် Trainer/Facilitator တစ်ဦးလည်း ဖြစ်ပါတယ်။